နိုဝင်ဘာ ၂၂၊ ၂၀၁၆
နိုဝင်ဘာ ၂၁ ည ၈ နာရီ ၄၅ မိနစ်အချိန်တွင် မူဆယ်မြို့၌ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သည်။ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားရပ်၊ မြို့ပတ်လမ်းမှ မြို့မ အားကစားကွင်းသို့သွားရာ ပန်မှတ်နိုင် လမ်းဘေး ချုံစပ်အတွင်းမှ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းမရှိဘဲ အနီးရှိ နေအိမ် နံရံအား ကျောက်ခဲစများ ထိမှန်ခဲ့သည်။
နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းတွင် အဆိုပါ နေရာအား လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ရှင်းလင်းခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားသည့် နေရာအနီးတွင် ဓါတ်ခဲ အသေး (၅) လုံးပါ ဓါတ်ခဲပတ် (၁) ခု၊ ၎င်းနှင့် ဆက်သွယ် ထားသည့် ဝါယာကြိုးများအား တွေ့ရှိခဲ့သည်။
ဟိုမွန်ရပ်ကွက်ရှိ လမ်းဦးစီးဌာနရုံးဝန်းအတွင်း မြေတွင်စိုက်ဝင်နေသော မပေါက်ကွဲသေးသည့် စိန်ပြောင်းဗုံးသီးတစ်လုံးကိုလည်း ယနေ့ နံနက် ၁၀ နာရီခန့်တွင် တွေ့ရှိခဲ့ရပြီး တာဝန်ရှိသူများက သွားရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
မူဆယ်မြို့နယ် ကောင်းမှုတုံရပ်ကွက်တွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲ
Reviewed by THITHTOOLWIN
on
16:27
Rating:
