ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ရွာသား (၁၀) ဦး ဖမ်းဆီးရမိ၊ နှာခေါင်းတို ရဲကင်းစခန်းအနီး လူတစ်စု ချဉ်းကပ်လာ၍ ပစ်ခတ် ရှင်းလင်းခဲ့
နိုဝင်ဘာ ၂၂၊ ၂၀၁၆
မောင်တောမြို့နယ် နယ်မြေ (၈) နှာခေါင်းတို နယ်ခြားစောင့် ရဲကင်းစခန်း ခြံစည်းရိုး အနီးသို့ ည ၁၂ နာရီ မိနစ် ၅၀ တွင် မသင်္ကာဖွယ် လူအုပ်စု တစ်စု ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည် ပစ်ခတ်ခဲ့ရာ ဆုတ်ခွာသွားပြီး နံနက်ပိုင်းတွင် စခန်းဝန်းကျင်အနီး ရှင်းလင်းစဉ် ရင်ဘတ် ကျည်ထိမှန် ဒဏ်ရာဖြင့် သေဆုံးနေသူတစ်ဦးအား တွေ့ရှိရသည်။
ထို့အပြင် ဘူးသီးတောင်မြို့နယ် သေကံ ကျေးရွာအတွင်း အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ဆက်စပ် ပါဝင်သည်ဟု သံသယရှိသည့် အဒူ ကာဒီ (၆၁) နှစ်၊ (ဘ) အဒူ ဂေါဖောရ် ပါ (၁၀) ဦးအား ဖမ်းဆီးရမိခဲ့သည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ)
State Counsellor Office Information Committee
ဘူးသီးတောင်မြို့နယ်၌ မသင်္ကာသူ ရွာသား (၁၀) ဦး ဖမ်းဆီးရမိ၊ နှာခေါင်းတို ရဲကင်းစခန်းအနီး လူတစ်စု ချဉ်းကပ်လာ၍ ပစ်ခတ် ရှင်းလင်းခဲ့
Reviewed by THITHTOOLWIN
on
17:30
Rating:
