ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များအား မြိတ်မြို့၌ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး စစ်ဆေးမည်


မြိတ်မြို့တွင်းသို့ နေစဉ် ၀င်ထွက်နေသည့် ကုန်တင်ယာဉ် များနှင့် ခရီးသည်တင်ယာဥ်များအား မြိတ်မြို့အ၀င် စန္ဒ၀တ် ကျေးရွာ အုပ်စု၊ ကျောက်ဖြူတောင် ကျေးရွာ မြိတ်- ထားဝယ်၊ မြိတ်-ကော့သောင်း လမ်းဆုံနေရာတွင် စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး စစ်ဆေးမည် ဖြစ်ကြောင်း သိရပါတယ်။


အဆိုပါ စစ်ဆေးရေးဂိတ်တွင် ရဲတပ်ဖွဲ့၊ လ၀က၊ လူကုန်တား၊ အကောက်ခွန်နှင့် အုပ်ချုပ်ရေးဌာနများက ကိုယ်စားလှယ် ၀န်ထမ်းများ ပူးပေါင်း ပါဝင်သွားမယ်လို့ သိရ ပါတယ်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်နေ့က ဘင်္ဂါလီ အမျိုးသား ၂ ဦး တင်ဆောင်လာသည့် ရွှေဝယ်ရတနာ ယာဉ်လိုင်းနှင့် အောက်တိုဘာလ ၂၆ ရက်နေ့ က ရန်ကုန်မှ မြိတ်မြို့သို့ ထွက်ခွာ လာသည့် အောင်ရတနာ ကားပေါ်တွင် ဘင်္ဂါလီ အမျိုးသမီး ၃ ဦး ဖမ်းမိခဲ့ပြီးနောက် ယာဉ်လိုင်း ၁လ ပိတ်သိမ်းကာ ထိုသို့ စစ်ဆေးရေး ဂိတ်များ ပေါ်လာခြင်း ဖြစ်ပါတယ်။

တိုင်းအတွင်း ဝင်ထွက်သွားလာနေသည့် ယာဉ်လိုင်း များကို တရားမဝင် ဘင်္ဂါလီ တင်ဆောင်မှု မရှိစေရန် အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့က အောက်တို ဘာလ ၂၄ ရက်တွင် စာပို့ အကြောင်းကြား ထားကြောင်း သိရပါတယ်။


နိုဝင်ဘာလ (၉) ရက်နေ့၊ ညနေပိုင်းမှာ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးမှ ခရိုင်ရဲမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီး အကဲများ နှင့်အတူ စစ်ဆေးရေးဂိတ် ဖွင့်လှစ်မည့်နေရာသို့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ပြီး ရန်ကုန်မှ မြိတ်သို့ အဝင်ယာဉ်များ နှင့် ကုန်တင်ယာဉ် များအား စစ်ဆေး ဆောင်ရွက်ခဲ့ပါတယ်။

တနင်္သာရီ တိုင်းအတွင်းမှာ ခရိုင်ချင်းဆက်၊ မြို့နယ်ချင်းဆက် နေရာများကို ပြေးဆွဲနေသည့် ယာဉ်လိုင်း ၇ဝ လိုင်း၊ တိုင်းတွင်း တိုင်းကျော် (တိုင်းအခြေပြု ပြေးဆွဲနေသည့် ယာဉ်လိုင်း) ၄၄ လိုင်းနှင့် အခြား ပြည်နယ်၊ တိုင်းမှ လာရောက် ပြေးဆွဲနေသည့် ယာဉ် လိုင်း ၂၆ လိုင်းရှိကြောင်း တနင်္သာရီ တိုင်းဒေသကြီး လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေး ကြီးကြပ် ညှိနှိုင်းမှုဌာန (ပို့/ဆက်) ထံမှ သိရပါတယ်။

Photo - Tanintharyi Region
တနင်္သာရီတိုင်းမ် သတင်းမီဒီယာ
https://www.facebook.com/myeik.secret.news/
ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များအား မြိတ်မြို့၌ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး စစ်ဆေးမည်  ကုန်တင်ယာဉ်များနှင့် ခရီးသည်တင် ယာဉ်များအား မြိတ်မြို့၌ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ပြီး စစ်ဆေးမည် Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.