ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိ
ရန်ကုန်၊ စက်တင်ဘာ ၂၁
ကျောက်တံတားမြို့နယ်တွင် အိမ်အကူမိန်းကလေးငယ်များအား ညှင်းပန်း နှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သဖြင့် ကျောက်တံတားမြို့ရဲစခန်း (ပ)၁၉၃/၂၀၁၆၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အရေးယူဆောင်ရွက်လျက်ရှိသောအမှုမှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူ တင်မင်းလတ်(ခ)ဖိုက်ဇယ် (၃၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၀၁၅ အချိန်တွင်လည်းကောင်း၊ မစုမွန်လတ် (၂၇)နှစ်အား ၂၁.၉.၂၀၁၆ ရက်နေ့ ၁၂၅၅ အချိန်တွင်လည်းကောင်း ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် ဆက်လက်အရေးယူ
ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
ကျောက်တံတားမြို့နယ်တွင် အိမ်အကူ မိန်းကလေးငယ်များအား ညှင်းပန်းနှိပ်စက်ပြီး လုပ်ခလစာများမပေးခဲ့သည့်ဖြစ်စဉ်မှ ကျန်ရှိသည့် ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
16:42
Rating:
