မုံရွာ၊ စက်တင်ဘာ ၁
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ချမ်းမြ၀တီရပ်ကွက်၊ ရတနာလမ်းနှင့် လမ်း ၃၀ ထောင့်ရှိ ရေအိုင်အနီးတွင် စက်တင်ဘာ ၁ ရက် မနက်ပိုင်းက အမျိုးသားတစ်ဦးမှာ လည်ပင်းလှီးဖြတ် ဓားဒဏ်ရာများဖြင့် သေဆုံးလျက်ရှိကြောင်း ချမ်းမြ၀တီရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
သေဆုံးသူမှာ ချမ်းဝတီရပ်ကွက်နေ ကိုဝင်းဆွေ အသက်(၃၈)နှစ်ဆိုသူဖြစ်သည်။ သေဆုံးသူသည် အရက်စွဲရောဂါရှိသူတစ်ဦးဖြစ်ပြီး အရက်သောက်သုံးခြင်းအား သုံးရက်တာဖြတ်ထားခဲ့ပြီးနောက် စက်တင်ဘာ ၁ ရက် မနက် ၁ နာရီအချိန်ခန့်က မိသားစုနှင့်အတူ နေအိမ်တွင်ရှိနေစဉ် ၎င်းတစ်ဦးတည်း နေအိမ်အပြင်ဘက်သို့ထွက်ခွာသွားခဲ့သည်။
ယနေ့ မနက် မိုးလင်းသောအခါ ရတနာလမ်းနှင့် လမ်း ၃၀ ထောင့်အနီး ရေအိုင်စပ်တစ်နေရာတွင် နေအိမ်မီးဖိုချောင်သုံး ဓားဖြင့် မိမိကိုယ်ကို လည်ပင်းလှီးဖြတ်၍ အဆုံးစီရင်သွားခဲ့ခြင်းဖြစ်သည်။ ထို့သူမှ မိမိကိုယ်ကို အဆုံးစီရင်သည့်အခါ အသုံးပြုသော နေမီးဖိုချောင်သုံး ဓားမှာ ၎င်း၏ နေအိမ်မှဓားဖြစ်ပြီး ညာဘက်လက်တွင် ဆုပ်ကိုင်ထားလျက်သေဆုံးနေခြင်းဖြစ်သည်။
ထို့ကြောင့် မုံရွာနယ်မြေရဲစခန်းမှူး ရဲအုပ် ရဲအောင်မှ သေဆုံးသူအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်နိုင်ရန် မုံရွာနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၁၅/၂၀၁၆ အရ သေဆုံးသူအား မုံရွာပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့သည်။
ထို့နောက် မုံရွာပြည်သူ့ဆေးရုံကြီးရှိ မှုခင်းဆရာဝန်ကြီးမှ အဆိုပါ သေဆုံးသူအား မှုခင်းဆေးပညာများအရ ဆက်လက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာတွင် သေဆုံးသူသည် ယနေ့မနက် ၅ နာရီအချိန်ဝန်းကျင်ခန့်က သေဆုံးသွားခြင်းဖြစ်နိုင်ဖွယ်ရာရှိကြောင်း၊ သေဆုံးရခြင်းအကြောင်းမှာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် မှောက်လျက်အနေအထားကြောင့် အသက်ရှုလမ်းကြောင်းပိတ်ဆို့ကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
သေဆုံးသူ၏ အသည်းမှာ ပုံမှန်အနေအထားမဟုတ်ဘဲ အရက်အလွန်အကျွံသောက်သုံးသူများတွင် တွေ့ရှိရသော အသည်းအနေအထားများဖြစ်ကြောင်း မှုခင်းဆေးပညာများအရ ထင်မြင်သုံးသပ်ထားကြောင်း သိရှိရသည်။
သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
အရက်စွဲရောဂါရှိသူတစ်ဦးက မီးဖိုချောင်သုံးဓားဖြင့် လည်ပင်းလှီးဖြတ်ကာ မိမိကိုယ်ကို အဆုံးစီရင်
Reviewed by THITHTOOLWIN
on
18:42
Rating:
