![]() |
ဒုက္ခသည်အရေး ကုလ ထိပ်သီးဆွေးနွေးပွဲ |
“ဘယ်တုန်းကနဲ့မှ မတူဘဲ လူဦးရေ အတော်များများဟာ ရွှေ့ပြောင်းနေထိုင်နေကြရပါတယ်။ တချို့တွေက စစ်ပွဲတွေကနေ ထွက်ပြေးတိမ်းရှောင်ကြသလို တချို့တွေက ပိုကောင်းမွန်တဲ့ ဘ၀အခြေအနေအတွက် နေရပ်ကို စွန့်ခွါကြတာပါ။ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအပေါ် ၀န်ထုပ်ဝန်ပိုးအဖြစ် မမြင်စေလိုပဲ သူတို့တွေဟာ အခြေအနေကောင်းတွေကို ဖန်တီးပေးမယ့်သူတွေလည်း ဖြစ်ပါတယ်”လို့ အတွင်းရေးမှူးချုပ်က ပြောသွားတာပါ။
လူတွေသန်းနဲ့ချီ ရွှေ့ပြောင်းနေထိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံအကြီးအကဲတွေပါဝင်တဲ့ အခုလို ထိပ်သီးအစည်းအဝေး ကျင်းပဖို့ ကုလသမဂ္ဂအထွေထွေညီလာခံကနေ တောင်းဆိုခဲ့တာပါ။ စစ်ပွဲတွေ၊ သဘာဝဘေးအန္တရာယ်နဲ့ ဆင်းရဲမွဲတေမှုကြောင့် ကမ္ဘာတ၀ှမ်းမှာ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းနေထိုင်နေရသူ ၆၅ သန်း လောက်ရှိပြီး အဲဒီထဲမှာ အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်ပါတယ်။
ဒီကနေ့ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပမယ့် ဒုက္ခသည်နဲ့ ရွေ့ပြောင်း အခြေချနေထိုင်သူများဆိုင်ရာ ကုလသမဂ္ဂဆွေးနွေးပွဲကို မြန်မာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ပြီး မိန့်ခွန်းပြောကြားဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၂၁ ရက်နေ့ကျရင်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မိန့်ခွန်း ပြောကြားဦးမှာဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
ဒုက္ခသည်အရေး ကုလ ထိပ်သီးဆွေးနွေးပွဲ ကျင်းပ
Reviewed by THITHTOOLWIN
on
06:11
Rating:
