![]() |
ဒိန်းမတ်နိုင်ငံ ၀န်ကြီးချုပ် Lars Løkke Rasmussenနှင့် မြန်မာနိုင်ငံ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ |
တွေ့ဆုံမှုအတွင်း ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာ အသေးစိတ်ကိုတော့ သတင်း ထုတ်ပြန်ခြင်း မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့က ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ကျင်းပတဲံ ဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေအရေး နိုင်ငံတကာခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးမှာ တက်ရောက် အမှာစကား ပြောကြားဖို့ ရှိပေမယ့်လည်း မပြောဖြစ်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာ့ ခေါင်းဆောင်တွေကို တည်ခင်း ဧည့်ခံတဲ့ နေ့လည်စာစားပွဲကို တက်ရောက်မှာ ဖြစ်ပြီး ညနေပိုင်းမှာတော့ အမေရိကန်သမ္မတ Barack Obama က ကမ္ဘာ့ခေါင်းဆောင်တွေကို တည်ခင်း ဧည့်ခံတဲ့ ညစာစားပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၂၁ ရက်နေ့မှာတော့ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းမှာတော့ နယူးယောက်မြို့မှာရှိတဲ့ Asia Society Policy Institute မှာ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ အနာဂတ်အကြောင်း မိန့်ခွန်း ပြောကြားဖို့ ရှိပါတယ်။
ဗြိတိန်နိုင်ငံကတဆင့် အမေရိကန်နိုင်ငံကို စက်တင်ဘာလ ၁၃ ရက်နေ့ နှောင်းပိုင်းမှာ ရောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၀ါရှင်တန် ဒီစီမြို့တော်မှာ သမ္မတ Barack Obama ၊ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နယူးယောက်မြို့ကို ခရီးဆက်သွားတာ ဖြစ်ပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့၊ စနေနေ့ကတော့ နယူးယောက်မြို့မှာရှိတဲ့ မြန်မာအသိုင်းဝိုင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကုလမှာ နှစ်နိုင်ငံဆွေးနွေးမှုတွေပြုလုပ်
Reviewed by THITHTOOLWIN
on
08:17
Rating:
