မကွေးတိုင်း ဒေသကြီး ရေနံချောင်းမြို့၊ အထက(၁)ကျောင်း၌ စက်တင်ဘာ ၁၇ ရက် ကကျောင်းသားချင်း ဓါးထိုးမှုဖြစ်ပွားခဲ့မှု နှင့်ပက်သက်၍ ကျောင်းသား မိဘမှ တိုင်ကြား အမှုဖွင့်ထားကြောင်း ရေနံချောင်းမြို့မရဲစခန်းမှသိရသည်။
ဖြစ်စဉ်မှာဦးကျော်မြင့်ဦး၊ အသက်(၄၇)နှစ်၊ သစ်တပွေရပ်ကွက်၊ ရေနံချောင်းမြို့နေသူသည်စက်တင်ဘာ ၁၇ ရက် နံနက် ၉ နာရီခွဲအချိန် နေအိမ်၌ရှိနေ စဉ် ရေနံချောင်းမြို့၊အထက(၁)ကျောင်း၊ဒဿမတန်း၊အခန်း(၄)တွင်ပညာ သင်ကြားနေသော သားဖြစ်သူမောင်အာကာဖြိုး၊ အသက် ၁၆ နှစ်မှာ ကျောင်းသားချင်းရန်ဖြစ်ရာမှ ဓါးထိုးခံရကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
မောင်အာကာဖြိုးတွင်နဖူးဝဲဘက် တစ် လက်မခန့်ပြတ်ရှဒဏ်ရာ တစ် ချက်၊ ဝဲပါး သုံး လက်မခန့်ပြတ်ရှ ဒဏ်ရာ တစ် ချက်(မစိုးရိမ်ရ)တို့ ရရှိထားသည်ကိုတွေ့ရှိရသဖြင့် မေးမြန်း ခဲ့ရာမောင်အာကာဖြိုးမှာ ကျောင်းဝန်းအတွင်းရှိ အိမ်သာသို့သွားရာမှ အပြန်ဒဿမတန်း၊အခန်း(၁)တွင်တက်ရောက်နေသော မောင်ကျော်ထက်အောင်၊အသက်(၁၆)နှစ်၊ စံပြဘော်ဒါဆောင်၊ သစ်တပွေရွှေဘုံသာရပ်၊ ရေနံချောင်း မြို့နေသူ နှင့်တွေ့ဆုံစဉ် ၎င်းမှယခင်က စကားများရန်ဖြစ်ခဲ့ဘူးသူဟု ထင်မှတ်ကာ ရန်စပြီး အသင့်ပါလာသော အရိုးအသွား(၆)လက်မ ခန့်ရှိ ခလုတ်နှိပ် မောင်းချဓါးဖြင့် ခုတ်၍ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောပြ သိရှိခဲ့ခြင်းဖြစ်ကြောင်းတရားလို၏ တိုင်ကြားချက်အရသိရသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ မောင်ကျော်ထက်အောင်အားအရေးယူပေးရန် ဦးကျော်မြင့်ဦးမှ တရားလိုပြုတိုင်ကြားခဲ့သောကြောင့်ရေနံချောင်းမြို့နယ်၊ မြို့မရဲ စခန်းမှ (ပ)၄၀၆/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၄ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ရေနံချောင်းမြို့ အထက(၁)ကျောင်း၌ ကျောင်းသားချင်း ဓားထိုးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
20:50
Rating:
