ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ပန်းစည်းများတင်ဆောင် လာသော မော်တော်ယာဉ်တစ်စီး ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်
နေပြည်တော် စက်တင်ဘာ ၂၀
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး သီးကုန်းအမြန်လမ်းမကြီးရဲစခန်းပိုင် မိုင်တိုင် အမှတ် ၃၀၇/၇နှင့် ၃၀၈/၀ကြား မန္တလေးဘက်မှ နေပြည်တော်သို့ ယာဉ်မောင်း ကျော်လင်းထက် မောင်းနှင်လာသော Canter ခြောက်ဘီး ယာဉ် ပန်းစည်းတင်မော် တော်ယာဉ်မှာ ယာဘက်ရှေ့ဘီးပေါက်ပြီး အရှိန် မထိန်း နိုင်သဖြင့် လမ်းယာဘက် မြေသားပေါ် သို့ ရောက်ရှိ တိမ်းမှောက် ခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် Canter ခြောက်ဘီးယာဉ်မှာ ရှေ့လေကာ မှန်ကွဲ၊ ရှေ့ဘန် ဘာပိန်ချိုင့်၊ ရှေ့ခေါင်းယာဘက်ခြမ်းပိန်ချိုင့်၊ ကိုယ်ထည်ယာ ဘက်ပိန်ချိုင့် ပျက်စီးသွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၄၅/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၂၇၉ အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရ သည်။
ထိုကဲ့သို့ ယာဉ်အန္တရာယ်များ လျော့နည်းကျဆင်းရေးအတွက် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှ သတ်မှတ်အမြန်နှုန်းထက် ကျော် လွန်မောင်းနှင်သော မော်တော် ယာဉ် များကို နံနက် ၇ နာရီမှ ညနေ ၅ နာရီအတွင်း ဖမ်းဆီးလျက်ရှိရာ ယနေ့ တွင် (၂၀၁)မိုင် နေပြည်တော်တိုးဂိတ်မှ ယာဉ်(၁၆)စီးအား လည်းကောင်း၊ အမှတ်(၃)လမ်းဆုံ တိုးဂိတ်တွင် ယာဉ်(၁၉) စီးအားလည်းကောင်း ဖမ်းဆီးအရေး ယူခဲ့ သည်။
သို့ပါ၍ စက်တင်ဘာ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်တိုးဂိတ်မှ ဖမ်းဆီးယာဉ် (၅၆၉)စီး၊ အမှတ် (၃)လမ်းဆုံ တိုးဂိတ်မှ ဖမ်းဆီးယာဉ် (၄၆)စီး စုစုပေါင်း (၆၁၅)စီး ရှိကြောင်း သိရှိရသည်။
သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ပန်းစည်းများတင်ဆောင် လာသော မော်တော်ယာဉ်တစ်စီး ရှေ့ဘီးပေါက်ပြီး တိမ်းမှောက်
Reviewed by THITHTOOLWIN
on
21:49
Rating:
