![]() |
နယူးယောက်မြို့မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကို စစ်ဆေးစဉ် (Credit: AFP) |
နယူးယောက်မြို့နဲ့ နယူးဂျာဆီမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့သလို Minnesota ရှော့ပင်းစင်တာမှာလည်း ဓားထိုးမှု ဖြစ်လို့ လူ ၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
နယူးယောက်မြို့ ပေါက်ကွဲမှုမှာတော့ လူ ၂၉ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒီကိစ္စတွေဟာ တမင်ကြံစည်ပြီး ဖြစ်ပေါ်တဲ့ ရာဇာဝတ်မှု ဖြစ်တယ်လို့ ရဲတွေက ပြောဆိုပြီး အကြမ်းဖက်မှု ဟုတ်မဟုတ် စုံစမ်းနေတယ်လို့ ဆိုပါတယ်။
ဘယ်သူက ဘာကြောင့် လုပ်ဆောင်သလဲ ဆိုတာကို မသိရသေးပဲ လုံခြုံရေး ကင်မရာတွေ စစ်ဆေးနေတုန်းပဲလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
Minnesota ဓားထိုးမှုကို ပြုလုပ်သူကတော့ IS အစ္စလာမ်မစ် အဖွဲ့ဝင် ဖြစ်တယ်လို့ IS က ပြောဆိုထားပေမယ့် ရဲတွေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တချို့ကလည်း အာဖရိကတိုက်ဖွား ကျောင်းသား တစ်ဦးရဲ့ လက်ချက်ဖြစ်တယ်လို့ ပြောဆိုကြပေမယ့် ရဲတွေကတော့ ဘာလူမျိုး၊ ဘယ်ဘာသာဝင် ဆိုတာ ပြောဆိုခြင်း မရှိသေးပါဘူး။
ကုလသမဂ္ဂ အထွေထွေ ညီလာခံ မကျင်းပခင်မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားတဲ့အတွက် လုံခြုံရေးတွေ ထပ်မံ တိုးချဲ့ ချထားရပြီ ဖြစ်ပါတယ်။
ညီလာခံအတွင်း ကမ္ဘာ့ခေါင်းဆောင် ၁၃၅ ယောက်က တက်ရောက်မယ်လို့ မျှော်လင့်နေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
အကြမ်းဖက်မှု ဟုတ်မဟုတ် ကန် စစ်ဆေးနေ
Reviewed by THITHTOOLWIN
on
15:52
Rating:
