၂၁ ရာစု ပင်လုံညီလာခံရဲ့ ဒုတိယနေ့မှာ ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ကိစ္စဟာ နားလည်မှု လွဲတာ ဖြစ်နိုင်တယ်လို့ အစိုးရဘက်က ညီလာခံ ကျင်းပရေး ကော်မတီဝင် ဦးခင်ဇော်ဦးက ပြောပါတယ်။
အစိုးရကနေ ဖိတ်ခေါ်ထားတဲ့ လူတိုင်းအတွက် ဆိုင်ရာ အဖွဲ့အစည်းတွေကို ဖိတ်စာနဲ့ လုံခြုံရေးကဒ်တွေ ပေးပို့ထားပေမယ့် ဝ တပ်ဖွဲ့မှာ ကဒ်တွေ မပါလာခဲ့ဘူးလို့ ဦးခင်ဇော်ဦးက ပြောပါတယ်။
အဲဒါကြောင့် ညီလာခံ ဖွင့်ပွဲနေ့မှာ ဝ တပ်ဖွဲ့ကို အသင့်ရှိနေတဲ့ 'လေ့လာသူ' ကဒ်တွေသာ ထုတ်ပေးလိုက်တာ ဖြစ်ပြီး နောက်ရက်မှာ ကဒ်အမှန်တွေ ထုတ်ပေးမယ်လို့ ပြောခဲ့တယ်လို့ မီဒီယာတွေကို ဦးခင်ဇော်ဦးက ရှင်းပြပါတယ်။
ဝအဖွဲ့ကို လေ့လာသူ အဖြစ် အစိုးရဘက်က သတ်မှတ်တာလို့ ဝဖက်က ယူဆလို့ နားလည်မှု လွဲတာ ဖြစ်နိုင်တဲ့အကြောင်း နားလည်မှု လွဲတာ ဟုတ်မဟုတ် သေချာအောင် ဝ တပ်ဖွဲ့တွေ တည်းခိုတဲ့ ဟိုတယ်ကို လိုက်သွားပြီး ဆွေးနွေးမယ်လို့လည်း ပြောလိုက်ပါတယ်။
ညီလာခံ ဖြစ်မြောက်ရေးလူတွေက လူပေါင်း ၁၆၀၀ ကို စီမံခန့်ခွဲရတဲ့အတွက် အပြည့်အဝ မလုပ်ပေးနိုင်တာတွေ ရှိနိုင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
ဝတပ်ဖွဲ့ကတော့ ညီလာခံမှာ တန်းတူညီမျှမှု မရှိတာကြောင့် မတက်တော့တာ ဖြစ်ပြီး အဲလို ထွက်ခွာမယ့်အကြောင်းကိုလည်း ကျင်းပရေး ကော်မတီကို အသိပေးခဲ့တယ်လို့ ပြောဆိုခဲ့တာ ရှိပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
'ဝ' တပ်ဖွဲ့ဘက်က နားလည်မှုလွဲတာ ဖြစ်နိုင်လို့ဆို
Reviewed by THITHTOOLWIN
on
18:49
Rating:
