နေပြည်တော် စက်တင်ဘာ ၂၂
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် စက်တင်ဘာ ၁ ရက်မှ သတ်မှတ် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်များအား အမြန်နှုန်းတိုင်း ကိရိယာဖြင့် နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ ဖမ်းဆီး လျက်ရှိရာ ယခုအခါ ညပိုင်းပါ ဖမ်းဆီးလျက်ရှိကြောင်း သိရသည်။
ဤကဲ့သို့ ဖမ်းဆီးအရေးယူလျက်ရှိရာ မိုင်တိုင်အမှတ် ၂၀၁ မိုင် နေပြည်တော် တိုးဂိတ်တွင် ဒုတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးမြင့်ဦး ဦးစီး၍ ဖမ်းဆီးဆောင်ရွက်ခဲ့ရာ ယနေ့တွင် မော်တော်ယာဉ် ၃၂ စီးအား ဖမ်းဆီးနိုင်ခဲ့သည်။
အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှ ရဲအုပ် အောင်သင်းဦးအဖွဲ့မှ ၁၆ စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သိရသည်။ ထိုကဲ့သို့ ဖမ်းဆီးရာတွင် ခရီးသည်တင် Express ကားများလည်း ပါဝင်ခဲ့သည်။
သို့ပါ၍ စက်တင်ဘာ ၁ ရက်မှ ၂၂ ရက် ညနေ ၅ နာရီအထိ နေပြည်တော် တိုးဂိတ်မှ ဖမ်းဆီးယာဉ် ၆၂၃ စီး၊ အမှတ်၃ လမ်းဆုံ တိုးဂိတ်မှ ဖမ်းဆီးယာဉ် ၈၈ စီး၊ ၇၁၁ စီး ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
သန်းဦး(လေးမျက်နှာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
သတ်မှတ်အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သော မော်တော်ယာဉ်များအား ညပိုင်းတွင်လည်း စတင်ဖမ်းနေပြီ
Reviewed by THITHTOOLWIN
on
21:56
Rating:
