![]() |
ပုံစာ - မနေ့ကစလို့ နေရပ်ကိုစွန့်ခွာနေကြတဲ့ မဲသဝေါဒေသခံတွေ။ |
ဒီနေ့မနက် မြန်မာစံတော်ချိန် ၈ နာရီ မီးနစ် ၄၀ လောက်ကစပြီး ကရင်ပြည်နယ် လှိုင်းဘွဲမြို့ နယ် မဲသဝေါဒေသက (DKBA) ဌာနချုပ်စခန်းလုပ်ထားတဲ့ ၀ါးကူးလူ စခန်းကို မြန်မာစစ်စစ်တပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့ကနေ လက်နက်ကြီးတွေနဲ့စတင်တိုက်ခိုက်နေကြပြီး နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ ထိုင်းနယ်စပ်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။
မြန်မာစစ်တပ် ခမရ - ၃၃၉ - ၃၃၈ - ခလရ ၉ - နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ - ၁၀၁၄ တို့ကနေ ၁၂၀ မမ - ၈၁ မမ - ၆၀ မမ -တို့နဲ့တိုက်ခိုက်နေတာဖြစ်ပြီး ဒီကနေ့ မွန်းလွဲပိုင်းအထိ တိုက်နေတုံးဘဲလို့ သိရှိရပါတယ်။
ဒီနေ့တိုက်ပွဲမှာ နှစ်ဖက်စစ်သည်တော်တွေ မိုင်းနှင်းမိသူတွေနဲ့လက်နက်ကြီးကျည် အစအနတွေကြောင့် ဒဏ်ရာရရှိသူတွေရှိတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီနေ့တိုက်ပွဲကတော့ ပြင်းထန်တဲ့တိုက်ပွဲဖြစ်တယ်လို့ ထိုင်းနယ်ခြားစောင့်တပ်က တပ်မှူးတဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်မှာကို ကြိုတင်သိထားတဲ့ မဲသဝေါက ဒေသခံတွေကတော့ မနေ့မနက်ကစလို့ သူတို့နေရပ်တွေကို စွန့်ခွာသွားပြီး ဖြစ်ပါတယ်။
ဒီကနေ့တိုက်ပွဲနဲ့ပတ်သက်လို့ ထိုင်းသတင်းဌာနတွေကလည်း အချိန်နဲ့ တပြေးညီ သတင်းထုတ်လွင့်နေတာကို တွေ့ရပါတယ်။
အရင်ကလည်း မဲသဝေါက တိုက်ပွဲတွေကြောင့် ရွာသားတွေ ထိုင်းဘက်ခြမ်းကို တိမ်းရှောင်လာတာတွေရှိပါတယ်။
မဲသဝေါဒေသ ထိုင်းဘက်ခြမ်းမှာတော့ ထိုင်းနယ်ခြားစောင့်တပ်တွေက လုံခြုံရေးကို တိုးမြှင့်ချထားပြီး နယ်စပ်အခြေအနေကို စောင့်ကြည့်နေပါတယ်။
တိုက်ပွဲဖြစ်နေတဲ့ မဲသဝေါဒေသနဲ့ထိုင်းဘက်ခြမ်းနယ်စပ်က နယ်ခြားသောင်ရင်းဖြစ်ကနေ ၈ ကီလိုမီတာလောက်ဘဲ အကွာအဝေးရှိပါတယ်။
သတင်း - ကရင်အမျိုးသား မီဒီယာ
ယနေ့ မဲသဝေါတွင် တိုက်ပွဲပြင်းထန်
Reviewed by THITHTOOLWIN
on
20:35
Rating:
