လွိုင်ကော် သီရိမင်္ဂလာဈေး(တောင်ဈေး) ဆိုင်ခန်း ၁၇ ခန်း မီးလှောင်ကျွမ်းမှု ကျပ်သိန်း ၂၂၈ ကျော် ပျက်စီးဆုံးရှုံး
ယနေ့ သြဂုတ်လ ၃၁ ရက်နေ့ နံနက် ၂ နာရီ ၄၀ မိနစ်တွင် လျှပ်စစ်ဝိုင်ယာရှော့မှတစ်ဆင့် မီးလှောင်ကျွမ်းမှု ပျက်စီးမှုတန်ဖိုး ပစ္စည်းနှင့် ဆိုင်ခန်းအပါအဝင် ကျပ်သိန်း ၂၂၈ ကျော်ရှိသည်ဟု ဈေးဥက္ကဌက ကန္တာရဝတီတိုင်း(မ်)သို့ ပြောကြားသည်။
“ကနဦးတင်ထားတာက သိန်း ၂၀၀၀ ကျော်တယ်။ ဆိုင်ခန်းတန်ဖိုးကို မီးသတ်က တွက်လိုက်တာ ဆိုင်ခန်းတစ်ခန်းကို ၅၀၀၀၀ ငါးသောင်းနှုန်းနဲ့ မီးလှောင်ပြီးတော့ ကျန်ရှိပစ္စည်းတွေနဲ့ တွက်ချက်ပြီး အစိုးရ၊ ဈေးကော်မတီနဲ့ အားလုံးညှိပြီး တွက်လိုက်တာ သိန် ၂၂၈ ကျော် ပျက်စီးတယ်ပေါ့။” ဈေးဥက္ကဌ ဦးတင်အောင်မိုးက ပြောသည်။
မီးလှောင်ကျွမ်းမှုကို မီးသတ်ကား ၁၅ စီးနှင့် အင်အား ၇၀ ကျော်ဖြင့် နံနက် ၃ နာရီမှစတင် ငြိမ်းသတ်ခဲ့ပြီး လွိုင်ကော်၊ ဒီးမော့ဆိုနှင့် ဖရူဆိုမီးသတ်တပ်ဖွဲ့များမှပါ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ခြင်းဖြစ်သည်။
“နေ့ကမီးပျက်တယ်။ ညပိုင်းမီးပြန်လာတဲ့ အချိန်မှာလှောင်တာ ပတ်ဝန်းကျင်က ညှော်နံ့ရတယ်ပြောတယ်။ ဝိုင်ယာရှော့လို့ အစိုးရကသုံးသပ်တယ်။ အကိုတို့ အခုလက်ရှိတွေ့ရတာကလည်း စစ်တာက အဲ့ဒါပဲ။” ဟု တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မီးလှောင်ကျွမ်းခဲ့သည့်ဆိုင်ခန်းများအများစုတွင် ဆန်ဆိုင်၊ ငါးခြောက်ဆိုင်၊ ဆေးပစ္စည်းဆိုင်၊ စက်ဘီးနှင့် ကလေးသုံးပစ္စည်းဆိုင်နှင့် ကားဂိတ်ဆိုင်ခန်းတို့ ဖြစ်ကြောင်းသိရသည်။
သတင်း - ဓါတ်ပုံ - စိုင်းလင်းလင်းဦး
Kantarawaddy Times
https://www.facebook.com/kantarawaddytimes
လွိုင်ကော် သီရိမင်္ဂလာဈေး(တောင်ဈေး) ဆိုင်ခန်း ၁၇ ခန်း မီးလှောင်ကျွမ်းမှု ကျပ်သိန်း ၂၂၈ ကျော် ပျက်စီးဆုံးရှုံး
Reviewed by THITHTOOLWIN
on
11:03
Rating:
