![]() |
အင်ဒိုနီးရှား စစ်တပ်အရာရှိဟောင်း Wiranto (Credit: ABC) |
အင်ဒိုနီးရှား စစ်တပ်အရာရှိဟောင်း Wiranto ဟာ ၁၉၉၉ ခုနှစ်တုန်းက အင်ဒိုနီးရှားတပ်တွေ အရှေ့တီမောက်နေ ဆုတ်ခွာတဲ့ ကာလအတွင်း လူသားများအပေါ် ပြစ်မှူကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံရသူ ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း Wiranto ကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မလုပ်ခဲ့ရဘူးလို့ ငြင်းဆိုထားပါတယ်။
အဲဒီ စစ်အရာရှိဟောင်းကို သမ္မတ ဂျိုကို ဝီဒိုဒိုက ဒီရက်ပိုင်းအတွင်း အရေးကြီးတဲ့ နိုင်ငံရေး၊ တရားရေးရာနဲ့ လုံခြုံရေး ဝန်ကြီးအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။
အဲလို လူသားများအပေါ် ပြစ်မှူးကျူးလွန်တဲ့ လူကို ဝန်ကြီးရာထူး ခန့်အပ်တာဟာ အင်ဒိုနီးရှားအတွက် ဆိုးကျိုးတွေပဲ ဖြစ်စေမယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
ဗိုလ်ချုပ်ဟောင်း Wiranto ဟာ အင်ဒိုနီးရှား သမ္မတ ဖြစ်ဖို့ နှစ်ကြိမ်တောင် ပြိုင်ပွဲဝင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
ဗိုလ်ချုပ် Wiranto ကို ဝန်ကြီးခန့်အပ်တာကို ဝေဖန်ကြ
Reviewed by THITHTOOLWIN
on
18:12
Rating:
