သည်းခြေထုတ်ယူရန် မွေးမြူထားသော ဝက်ဝံများနှင့် facebook ပေါ်မှ ရိုက်ခတ်သံ



လားရှိုးမြို့ မယ်ဟန်ကျေးရွာမှ သည်းခြေထုတ်ယူရန် မွေးမြူထားသော ဝက်ဝံများ

ကျွန်တော်သည်ပြီးခဲ့သည့်လက လားရှိုးမြို့ မယ်ဟန်ကျေးရွာ လမ်းဘေးရေနုတ်မြောင်း တူးဖော်သည့် လုပ်ငန်းတာဝန် ထမ်းဆောင်နေစဉ် မယ်ဟန်ကျေးရွာ ဆိုင်းဘုတ်ဘေး တရုတ်လူမျိုးပိုင် ပြောင်းဖူးပွဲရုံထဲတွင်လမ်းပေါ်မှ ကြည့်လျှင်မြင်နေရသော လှောင်အိမ်တစ်လုံးနှင့် ဝက်ဝံတစ်ကောင်ကိုတွေ့၍ ဝင်ကြည့်ရာလှောင်အိမ် သုံးလုံးနှင့် ဝက်ဝံအကြီး အသေးစုစုပေါင်း လေးကောင်တွေ့ရသည်။


ဝက်ဝံများကိုဘာအတွက် မွေးထားကြောင်းသိချင်မိ၍ ပြောင်းဖူးပွဲရုံမှ အလုပ်သမား တစ်ယောက်ကိုတွေ့၍မေးကြည့်ရာ ဝက်ဝံသည်းခြေ ထုတ်ယူရန်အတွက် ဝက်ဝံများကို ငယ်ငယ်ကတည်းက မွေးမြူထားကြောင်းကြားသိရပြီး တခြားအကြောင်းအရာများကိုတော့ မသိရပါဟုပြောပါသည်။


ဝက်ဝံအကြီးတစ်ကောင်နှင့် အလတ်တစ်ကောင်ကို လှောင်အိမ်တလုံးစီ အသေးနှစ်ကောင်ကိုလှောင်အိမ်တစ်လုံးထဲတွင် ထည့်ထားပါသည်။


ဝက်ဝံလေးများခမျာ ပုံတွင်မြင်ရသည့်အတိုင်း လမ်းလျှောက်စရာ နေရာပင်မရှိသော လှောင်အိမ်ကျဉ်းကျဉ်းထဲတွင် နေ့ရောညပါ နေနေရပါသည်။ ဝက်ဝံအသေးလေးနှစ်ကောင်မှာ ကလေးလေးငိုသံအတိုင်းပင် အော်နေရှာသည်မှာ အလွန်သနားဖို့ကောင်းပါသည်။


ဝက်ဝံသည်းခြေကို တရုတ်ပြည်မှာထုတ်ရောင်းမှာလား၊ ဒီမှာပဲထုတ်သုံးမှာလားဆိုတာ ကျွန်တော်မသိပါ ၊ ဝက်ဝံသည်းခြေ ဘယ်နေရာမှာ အသုံးဝင်တာဆိုတာလည်း ကျွန်တော်မသိပါ၊ ကျွန်တော်သိချင်တာ ဝက်ဝံများကိုအိမ်မှာပြောင်ပြောင်တင်းတင်းပဲမွေးမြူပြီး သည်းခြေထုတ်ယူခွင့်ရှိသလားဆိုတာပါပဲ။


တောရိုင်းတိရိစ္ဆာန်များအတွက် လှောင်အိမ်သည် နေရာမဟုတ်ပါ။ တိရိစ္ဆာန် များအား ညှင်းပန်းခြင်းကို ရှောင်ကြည် ကြပါ။

Naing Myo thu
သည်းခြေထုတ်ယူရန် မွေးမြူထားသော ဝက်ဝံများနှင့် facebook ပေါ်မှ ရိုက်ခတ်သံ  သည်းခြေထုတ်ယူရန် မွေးမြူထားသော ဝက်ဝံများနှင့် facebook ပေါ်မှ ရိုက်ခတ်သံ Reviewed by THITHTOOLWIN on 17:17 Rating: 5
Powered by Blogger.