မိုး သည်းထန်မှုကြောင့် မြစ်ကြီးနား မြို့ခံများ ရေးဘေး ကြုံနေရ


KNG၊ မြစ်ကြီးနား --- ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား တွင် ၃ ရက်ခန့် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဇူလိုင် ၁၅ ရက်၊ ယနေ့ မနက်မှ စပြီး ရေကြီး ရေလျှံမှု ဖြစ်ကာ မြို့ခံများ ရေဘေး ကြုံနေရပါသည်။

မိုးကြီးမှုကြောင့် တစ်မြို့လုံးရှိ ရပ်ကွက်တိုင်းတွင် ရေပြည့်လျှံခဲ့ရာ အဆိုးဝါးဆုံးသည် ဒူကထောင် ရပ်ကွက်၊ မြို့သစ်ကြီး ရပ်ကွက်နှင့် အေးမြသာယာ ရပ်ကွက် တို့တွင် ဖြစ်ပါသည်။

မြို့တွင်း ရေလွမ်းမိုးမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် သာဖြစ်ပြီး ဧရာဝတီမြစ်ရေ အမြင့်မှာ နဂိုအတိုင်းသာ ရှိနေမြဲဖြစ်သည်။

စာသင်ကျောင်းဆောင်များ၊ နေအိမ်များ၊ လမ်းများတွင် ရေကြီးရေလျှံ ဖြစ်လာခြင်းကြောင့် စာသင်ကြား ရန် အခက်အခဲရှိခဲ့ခြင်း၊ လမ်းသွားလမ်းလာ ခက်ခဲလာခြင်းအပြင် အိမ်မွေးတိရစ္ဆာန်များကို လုံခြုံသည့်နေရာကို ရွေ့ပြောင်းခဲ့ရသည့် အခြေအနေထိ ရှိခဲ့ပါသည်။

သို့သော်လည်း ယနေ့ မွန်းလွဲပိုင်းမှ စပြီး မိုးရွာသွန်းမှု ရပ်တန့်သွားသည့် အတွက် အချို့နေရာများတွင် ရေပြန်ကျသွားပြီ ဖြစ်ကြောင်း သိရပါသည်။

၂၀၀၄ ခုနှစ် ဧရာဝတီမြစ် ရေကြီးရေလျှံဖြစ်ခဲ့စဉ် က မြစ်ကြီးနားမြို့ အတွင်း စာသင်ကျောင်းများ နှစ်ပတ် အထိ ပိတ်ထားခဲ့ရသည်။ သို့သော်လည်း ယခုအခါ မြစ်ရေကြောင့် မဟုတ်ဘဲ မိုးကြောင့် မြစ်ကြီးနား မြို့ခံများ ရေဘေး ထပ်မံ ကြုံနေရခြင်း ဖြစ်သည်။

Kachinnews
http://burmese.kachinnews.com
မိုး သည်းထန်မှုကြောင့် မြစ်ကြီးနား မြို့ခံများ ရေးဘေး ကြုံနေရ  မိုး သည်းထန်မှုကြောင့် မြစ်ကြီးနား မြို့ခံများ ရေးဘေး ကြုံနေရ Reviewed by THITHTOOLWIN on 17:45 Rating: 5
Powered by Blogger.