ဒုက္ခသည်စခန်း လက်နက်လုမှုစွဲချက်ဖြင့် မြန်မာမှ လူ ၅ ဦး ဖမ်းဆီးဟုဆို

နိရဉ္စရာ၊ ဇွန် ၃၀

မြန်မာနိုင်ငံမှ ဘင်္ဂလီလူမျိုး ၅ ဦးကို ဘင်္ဂလာဒေ့ရှ် နိုင်ငံ ဒုက္ခသည် စခန်းမှ လက်နက်လုမှု သံသယဖြင့် RAB ခေါ် ဘင်္ဂလာဒေ့ခ်ျ အထူးမူခင်း နှိမ်နှင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု Cox’sbazar news com တွင် သတင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူများမှာ မိုဟာမတ်ရိုဖိလ်၊ အာဘဒူလ်ရာဇ္ဇက်၊ ဇာနေအာလာမ်၊ မိုဟာမတ် ဟာရူလ်နှင့် အာဘဒူလ် ဆာလာမ်တို့ဖြစ်ကြောင်း ရဲကို ကိုးကား သတင်း ဖော်ပြသည်။

သူတို့ကို ယနေ့ ဇွန်လ ၃၀ ရက် နေ့လယ်ပိုင်းက မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အိုခီးယားမြို့နယ်ရှိ ကောတောပလောင် ဒုက္ခသည်စခန်း အတွင်းမှ အမှတ် (၇) အထူး မှုခင်းနှိမ်နှင်းရေးအဖွဲ့ (RAB) တပ်ဖွဲ့မှ ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။

လွန်ခဲ့သည့် မေလ ၁၁ ရက်နေ့က တက်ကနက်မြို့နယ်ရှိ နော်ဝါပါရာ ဒုက္ခသည်စခန်းတွင် လုံခြုံရေး ယူထားသည့် အန်ဆာခေါ် ပြည်သူစစ်စခန်းကို အမည်မသိ လူတစ်စုမှ ၀င်ရောက် စီးနှင်းခဲ့ပြီး အန်ဆာ တပ်ဖွဲ့ တာဝန်ရှိသူ ခေါင်းဆောင်ကို သတ်ပစ်ကာ လက်နက် ၁၁ လက်နက်နှင့် ကျဉ်ဆန် ၆၇၀ လုယက် ယူဆောင် သွားခဲ့သည်။

၎င်းလက်နက်လုယူမှုနှင့် ဆက်နွယ်နေသည့် သံသယဖြင့် ၎င်းတို့ ၅ ဦးကို ဘင်္ဂလာ အာဏာပိုင်များမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများ အထဲတွင် ရော်ဖိလ်ဆိုသူမှာ ဒေသအတွင်း ဓါးပြ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်ပြီး ဓါးပြမှုများဖြင့် အာဏာပိုင်များမှ အလိုရှိနေသူဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

Narinjara
https://www.facebook.com/Narinjara
ဒုက္ခသည်စခန်း လက်နက်လုမှုစွဲချက်ဖြင့် မြန်မာမှ လူ ၅ ဦး ဖမ်းဆီးဟုဆို  ဒုက္ခသည်စခန်း လက်နက်လုမှုစွဲချက်ဖြင့် မြန်မာမှ လူ ၅ ဦး ဖမ်းဆီးဟုဆို Reviewed by THITHTOOLWIN on 08:34 Rating: 5
Powered by Blogger.