နေပြည်တော် ဇူလိုင် ၂၉
ဇူလိုင် ၂၈ ရက်နေ့ ၂၀ ၄၅ နာရီအချိန် နယ်မြေခံတပ်၊ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်၊ မိုင်းဆတ် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းပါဝင်သောအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ လွိုင်ဆမ်ဆုံ တောင်ထိပ်၊ ရှေ့တန်းတပ်စခန်းအနီး တာချီလိတ်-မိုင်းဆတ်သွား ကားလမ်းပေါ်တွင် သတင်းအရ တာချီလိတ်ဘက်မှ မိုင်းဆတ်ဘက်သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် 9K/9999 ဖေါ်ကျူးနား မော်တော်ယာဉ်သည် ဖြတ်တောက် ပိတ်ဆို့ရေးအဖွဲ့မှ တားဆီးပိတ်ဆို့ထားသည့် ကြားက အတင်း ကျော်ဖြတ် မောင်းနှင်ပြီး စစ်ဆေးရေးအဖွဲ့အနီးပေ ၁၀၀ ခန့်အကွာသို့အရောက် ၎င်းယာဉ်ကို ရှေ့ဆက် မသွားနိုင်ရန်အတွက် လမ်း၌ ပိတ်ဆို့ထားသည့် ယာဉ်အား တိုက်ခိုက်ရန်ပြုပြီး အတင်းမောင်းနှင် ထွက်ပြေးရန် ကြိုးစားသဖြင့် ပိတ်ဆို့ရေးအဖွဲ့မှ မော်တော်ယာဉ်အား ပစ်ခတ် ဖမ်းဆီးခဲ့ရပါသည်။
၎င်းနောက် အဆိုပါ မော်တော်ယာဉ်မှာ အရှိန်ပြင်းသဖြင့် လမ်း၏ ယာဘက်ဘေး (၁၅)ပေခန့် အကွာ ချောက်ကမ်းပါးသို့ ထိုးကျတိမ်းမှောက် သွားခဲ့၍ မော်တော်ယာဉ်ကိုစစ်ဆေးရာ ယာဉ်မောင်း ဖြစ်သူ၏ ယာဘက်ရင်အုံတွင် ဒဏ်ရာတစ်ချက်ရရှိထားသည်ကို တွေ့ရှိရသည့်အပြင် ယာဉ်ပေါ်မှ စိတ်ကြွ ရူးသွပ်ဆေးပြား တစ်သိန်းပြား(ယင်းဒေသ တန်ဖိုးငွေကျပ်သိန်း ၂,၅၀၀)၊ ကျဖ အမည်ပါ ၁၃/မခန (နိုင်) ၀၁၄၃၆၅ နိုင်ငံသားစိစစ်ရေးကဒ်ပြား တစ်ခု နှင့် ကျဖ အမည်ပါ E 1011725 နံပါတ်ပါ ယာဉ်မောင်းလိုင်စင် ကဒ်ပြားတစ်ခုတို့အား သိမ်းဆည်းရမိခဲ့ပြီး ဒဏ်ရာရရှိထားသူ ယာဉ်မောင်း ကျဖ (ခ)ကျာဖ အား ၂၁၀၀ အချိန် အခင်းဖြစ်နေရာမှ မိုင်းဆတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စဉ် ဂျူးလု ကျေးရွာ အရောက် ၂၁၃၅ အချိန် ရရှိသောဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းဆတ်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia
မိုင်းဆတ်မြို့နယ်တွင် ကျပ်သိန်းပေါင်း ၂,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
17:19
Rating:
