မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ၂ဝ၁၆ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲ ၂းဝဝ နာရီအချိန် ထုတ်ပြန်ချက်ကို တွေ့ရစဉ်။ ဓါတ်ပုံ - မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန(facebook) |
မိုးကြီးပြီး မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေရှိတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။
မြစ်ရေကြီးနိုင်တဲ့ အခြေအနေတွေကြောင့် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့လိုအပ်ကြောင်းလည်း သတိပေး ထားပါတယ်။
မြစ်ဝကျွန်းပေါ်ဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေမှာလည်း မိုးများနိုင် ပြီး မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးနည်းနိုင်တယ်လို့လည်း ပြောပါတယ်။
ကမ်းရိုးတန်းဒေသတွေမှာတော့ လှိုင်းအမြင့်ပေ ၆ ပေကနေ ၉ ပေအထိ ရှိနိုင်တဲ့အတွက် ပင်လယ်ကမ်းရိုးတန်း သွား ရေယာဉ်တွေအနေနဲ့ သတိပြုသွားလာကြဖို့လည်း ထုတ်ပြန်ထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပြည်နယ်နဲ့ တိုင်းဒေသကြီး ၄ ခုမှာ မိုးကြီးနိုင်
Reviewed by THITHTOOLWIN
on
18:03
Rating: