ဒလ ဇူလိုင် ၇
ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်ရှိ အများပြည်သူများ သွားလာလျက်ရှိ သည့်လမ်းမပေါ်မှ စည်းကမ်းမဲ့ တိရစ္ဆာန်များအား ဖမ်းဆီးအရေးယူ လျက်ရှိကြောင်း သိရသည်။
ဒလမြို့နယ်တွင် တိရစ္ဆာန်(နွား၊ ဆိတ်) မွေးမြူထားကြသူများသည် မိမိတို့၏ တိရစ္ဆာန်များအား အများပြည်သူများနှင့် လွတ်ရာတွင် ထိန်းကျောင်းခြင်းမရှိဘဲ ဘေးမဲ့တိရစ္ဆာန်များပမာ လွှတ်ထားရာမှ အများပြည်သူသွားလာလျက်ရှိသည့် လမ်းမပေါ်တွင် အုပ်စုဖွဲ့ရပ်တန့်နေ ခြင်း၊ အုပ်စုဖွဲ့အိပ်စက်နေခြင်းများကြောင့် ယာဉ်မတော်တဆမဖြစ်ပေါ် စေရန် ဤကဲ့သို့ လိုက်လံဖမ်းဆီးရခြင်း ဖြစ်ကြောင်း သိရသည်။
လမ်းမပေါ်မှ စည်းကမ်းမဲ့ တိရစ္ဆာန်များအား တိရစ္ဆာန်ဆေးကုသရေးနှင့် သားသတ် ရုံများဌာန၊ ခရိုင်မှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်နှင့် ဝန်ထမ်းများက ဖမ်းဆီး၍ ဆိတ်များအား ဒလမြို့နယ် စည်ပင် ဝင်းရှိ တိရစ္ဆာန်ထောင်တွင်ထားရှိ၍ နွားများအား တိရစ္ဆာန်ဖမ်းဆီးရေး ယာဉ်ဖြင့် ရွာသာကြီးရှိ စည်းကမ်းမဲ့ တိရစ္ဆာန်များ ထိန်းသိမ်းရေးစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဒလမြို့နယ် လမ်းမများပေါ်ရှိ စည်းကမ်းမဲ့ တိရစ္ဆာန်များဖမ်းဆီးခြင်း နှင့်ပတ်သက်၍ ''အဲဒီတိရစ္ဆာန်တွေ က လမ်းပေါ်မှာ အုပ်စုဖွဲ့နေကြတော့ ယာဉ်မတော်တဆမှုတွေ၊ ဈေးဆိုင်တွေ ထိခိုက်မှုဖြစ်ရင် ဘေးမဲ့တိရစ္ဆာန် တွေဆိုပြီး အရော်မရဘူး၊ အဲဒီ တိရစ္ဆာန်တွေကို ဖမ်းပြီဆိုရင် ပိုင်ရှင်ပေါ်လာပြီ။ စည်ပင်က အဲဒီလို လမ်းပေါ်က စည်းကမ်းမဲ့ တိရစ္ဆာန်တွေကို ဖမ်းတာကောင်းပါတယ်''ဟု ကမာကသွယ်ရပ်ကွက်နေ ဦးမြစိန်က ပြောသည်။
မောင်ယဉ်ဦး(ဒလ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
အများပြည်သူသွားလာနေသည့် လမ်းမပေါ်ရှိ စည်းကမ်းမဲ့ တိရစ္ဆာန်များအား ဖမ်းဆီးအရေးယူ
Reviewed by THITHTOOLWIN
on
07:28
Rating: