ပြင်ဦးလွင်ဇီးပင်ကြီး သင်းတန်းကျောင်း (၃) ကျောင်းမှ သိမ်းယူထားသော ပိုလျှံမြေများ ပြန်ရရေး ဒေသခံတောင်သူများဆန္ဒပြ


မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့တော် ခန်းမရှေ့မှ စတင်၍ ဉာဏ်တောကွင်းအထိ ဇီးပင်ကြီး သင်တန်းကျောင်း ၃ ကျောင်း သိမ်းယူထားသောပိုလျှံမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံ ၅၀၀ ခန့် ဇူလိုင် ၁ နေ့ မနက်ပိုင်းက လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။


“ကျွန်တော်တို့ဒေသခံတောင်သူတွေရဲ့မြေတွေသိမ်းတယ် ကျောင်းကြီး ၃ ကျောင်းဆောက်တယ် ပိုလျှံမြေတွေအများကြီးကျန်နေပါလျှက်နဲ့ ဒေသခံတွေ ပြန်မပေးဘဲ အခြားအရပ်က သူတွေကို သီးစားချထားတယ်။ မလိုအပ်ဘဲ တောင်သူတွေရဲမြေတွေကို မတရားသိမ်းထားလို့  ယနေ့ ပြင်ဦးလွင်မြို့ပေါ်တက်ပြီး ဆန္ဒပြတာပါ”ဟု ဒေသခံဦးသောင်ရွှေကပြောသည်။


အဆိုပါဆန္ဒဖော်ထုတ်မှုသည် တောင်သူလယ်သမားအရေးနှင့်ပတ်သက်ပြီး အစိုးရသစ်လက်ထက် ပြင်ဦးလွင်မြို့ပေါ်တွင် ပထမဆုံး ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း သိရသည်။

စိုင်းထူးခန့် 
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
ပြင်ဦးလွင်ဇီးပင်ကြီး သင်းတန်းကျောင်း (၃) ကျောင်းမှ သိမ်းယူထားသော ပိုလျှံမြေများ ပြန်ရရေး ဒေသခံတောင်သူများဆန္ဒပြ  ပြင်ဦးလွင်ဇီးပင်ကြီး သင်းတန်းကျောင်း (၃) ကျောင်းမှ သိမ်းယူထားသော ပိုလျှံမြေများ ပြန်ရရေး ဒေသခံတောင်သူများဆန္ဒပြ Reviewed by THITHTOOLWIN on 15:58 Rating: 5
Powered by Blogger.