ဇူလိုင် ၁၅ ။
မန္တလေးမြို့ သီရီမန္တလာကားကွင်း အခြေပြု ရွှေကြယ်စင် လေအိတ်မော်တော်ယာဉ်သင်းမှ ဇူလိုင် ၁၉-ရက်တွင် ကျရောက်မည့်(၆၉)နှစ် မြောက် အာဇာနည်နေ့ဂုဏ်ပြုသောအားဖြင့် အခမဲ့ပြေးဆွဲမည်ဖြစ်ကြောင်းအသင်း ဥက္ကဌ ဦးစိန်သောင်းက ပြောသည်။
"တိုင်းပြည်အတွက် စွန့်လွှတ်အနစ်နာခံခဲ့တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကိုဂုဏ်ပြုပြီး ခရီးသည်တွေကို အခမဲ့ပြေးဆွဲပေးမှာပါ။ ဒီရက်က ကျွန်တော်တို့အသင်းလေးနှစ်ပြည့် လည်းဖြစ်ပါတယ်။"ဟု ၄င်းကပြောသည်။
အဆိုပါအသင်းမှ ပုံမှန်ယာဉ်စီး ခနုန်းထား များမှာမန္တလေး-ရွှေဘို-ကာဘိုး-ဇီးကုန်း၊မန္တလေး-ရွှေဘို-ခင်ဦး-ရေဦး-တန့်ဆည်ခရီးစဉ် ၃၀၀၀-ကျပ်၊မန္တလေး- ကန့်ဘလူ-ကျွန်းလှ-ကျပ်၄၀၀၀၊မန္တလေး- ပင်လယ်ဘူး-ကောလင်း သို့ ၆၀၀၀-ကျပ်ဖြစ်ပြီး ဇူလိုင်၁၉-ရက်နေ့တွင် အခမဲ့ စီးနင်းခွင့်ပြု မည်ဖြစ်သည်။
" ပုံမှန်ရက်တွေမှာတော့ ကြိုတင်လက်မှတ် ရောင်းပေမယ့် အာဇာနည်နေ့မှာ အခမဲ့ဖြစ်တဲ့အတွက် ဦးရာလူစနစ်နဲ့ ခုံနေရာပေး မှာပါ။ကားတစ်စီးကို၄၅-ယောက်ထိ ရပါတယ်။"ဟု ဆက်လက်ပြောကြားသည်။
ဇူလိုင် ၁၉-ရက်နေ့တွင် အခမဲ့အဖြစ် မန္တလေးမှ ၈-စီးနှင့်သက်ဆိုင်ရာမြို့များမှ ၈-စီးထွက်ခွာ မည်ဖြစ်၍ လူစီး သီးသန့်ဖြစ်ပြီး၄၅-ယောက်စီး အဆင့်မြင့် ကိုရီးယားလေအိတ်ကားများဖြင့်
ဘေးကင်းလုံခြုံစွာသယ်ယူပို့ဆောင် ပေးနေ ကြောင်းသိရသည်။
Mandalay News
ရွှေကြယ်စင် ခရီးသည်ယာဉ်လိုင်းမှအာဇာနည်နေ့တွင် အခမဲ့ပြေးဆွဲမည်
Reviewed by THITHTOOLWIN
on
21:34
Rating: