ပြည် ဇူလိုင် ၁၅
ယနေ့ ညနေ(၆း၄၅)နာရီ အချိန်တွင် ပဲခူးတိုင်းဒေသကြီး ပြည် မြို့ ကျောင်းကြီးအိုးတန်းရပ်ကွက်ရှိ စည်ပင်သာယာ ဈေးကြီး၊ ဈေးရုံအမှတ် (ဌ-၂) (၈×၁၀×၁၂)ပေ ဒေါ်လဲ့လဲ့ဝင်း ပိုင်ဆိုင်သော အပ်ချုပ်ဆိုင်တွင် အင်္ကျီချုပ်ရာ၌ အသုံးပြုသော မီးသွေး မီးပူမှ မီးသွေးများအား ငြှိမ်းသတ်ခဲ့ခြင်း မပြုဘဲ ဖြတ်စညှပ်စနှင့် ဂျပ်စက္ကူများ အနီးတွင် ထားရှိရာမှ ဖြတ်စနှင့် စက္ကူများအား အပူကူးစက်၍ လောင်ကျွမ်းခဲ့ရာ မီးလန့်မှု ဖြစ်ပွားခဲ့ပါသည်။
မီးလန့်ရာနေရာသို့ ခရိုင် မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်ယာဉ် (၃)စီး၊ အရန်မီးသတ်ယာဉ် (၉)စီး စုစုပေါင်း (၁၂)စီးနှင့် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပြည်သူများပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ ညနေ (၆း၄၇)အချိန်တွင် မီးငြိမ်းခဲ့ပြီး ဆုံးရှုံးမှု တန်ဘိုး မရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ဆိုင်ခန်းပိုင်ရှင် ဒေါ်လဲ့လဲ့ဝင်း အား ပြည်မြို့ အမှတ် (၁)ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း သတင်း ရရှိသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပြည်မြို့ စည်ပင်သာယာ ဈေးကြီးတွင် မီးလန့်မှု ဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:37
Rating: