ရန်ကုန် ဇူလိုင် ၁၃
တွံတေးမြို့နယ် ခလောက်ချိုင်ကျေးရွာ အုပ်စု မမျိုးစုကျေးရွာအနီးရှိ လှိုင်သာ ယာ-တွံတေး ကားလမ်းပေါ်တွင် ဇူလိုင် ၁၃ ရက် နံနက် ၈ နာရီက ၂၂ ဘီးယာဉ် ပေါ်တွင် တင်ဆောင်လာသော ပိုင်ရိုက် သည့်စက်မှာ ကားဘရိတ်အုပ်စဉ် ကားခေါင်းဘက်သို့ ရွှေ့လျားသွား၍ ကားခေါင်းနှင့် ပိုင်ရိုက်သည့် စက်ကြား တွင် လိုက်ပါလာသော အမျိုးသား ခြောက်ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးသွားကြောင်း သိရသည်။
အဆိုပါ နံနက်တွင် ယာဉ်မောင်း စောလှစိန်ယု(၃၆နှစ်) မောင်းနှင်လာ သော ဖူဆို 7D/---- ၂၂ ဘီးယာဉ်သည် ပိုင်လုံးများရိုက်သောစက်ကို တင်ဆောင် ၍ မောင်းနှင်လာစဉ် မမျိုးစုရွာအနီး တွင် ကလေးများက ကားအပေါ်ဘက် ရှိ ဓာတ်ကြိုးကို လက်ညှိုးထိုးအော် ဟစ်ပြောဆိုရာ အရှိန်ဖြင့် ဘရိတ်အုပ် လိုက်စဉ် ကားပေါ်ရှိ ပိုင်ရိုက်သည့်စက် မှာ အရှေ့ကားခေါင်းဘက်သို့ ရွေ့လျား သွားသည့်အတွက် ကားဦးခေါင်းနှင့် ပိုင်ရိုက်သည့် စက်ကြားတွင် လိုက်ပါ လာသော လူခြောက်ဦးမှာ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ကိုစည်သူ (၂၈နှစ်) မှာ ဦးခေါင်းထိခိုက်မိသောကြောင့် ထို နေရာတွင် သေဆုံးသွားကြောင်း၊ ဒဏ်ရာရရှိသူတို့ကိုလည်း အင်းစိန် ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရ သည်။
အဆိုပါဖြစ်စဉ်ကြောင့် ခလောက် ချိုင်ရဲစခန်းကယာဉ်မောင်းအား အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရ သည်။
သန်းထိုက်(လှိုင်သာယာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပိုင်တိုင်များ တင်ဆောင်လာသောယာဉ် ဘရိတ်အုပ်စဉ် ပိုင်ရိုက်စက်ညပ်၍ တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ
Reviewed by THITHTOOLWIN
on
08:28
Rating: