မိဘ နှစ်ပါးကို သတ်ခဲ့သူ ထိုင်းနိုင်ငံသား အား လူထုအကူအညီနဲ့  ဖမ်းဆီးနိုင်ခဲ့


14July2016

ထိုင်းနိုင်ငံ အန်ထောင်း မြို့ နယ်အတွင်းမှာ မိဘနှစ်ပါးကို သတ်ပြီး ထွက်ပြေး တိမ်းရှောင်နေသူ ထိုင်းနိုင်ငံသား တစ်ဦးကို ပြည်သူတွေက တရားခံ ရှိနေတဲ့နေရာကို သတင်းပေးနိုင်ခဲ့လို့  ဇူလိုင်လ ၁၃ရက် ညပိုင်းမှာ ဖမ်းဆီး မိခဲ့ပါတယ်။

အိတိချိုင်း အသက် ၂၈ နှစ် ဟာ အိမ်မှာ အလုပ်မလုပ်ဘဲ ထိုင်စားနေတာ ကို ဈေးရောင်းရှာဖွေကြွေးနေရတဲ့ မိခင်(အရင်း ) က ဆူပူဆုံးမ ခဲ့ရာက စကားများပြီး ဓါးနဲ့ ထိုးသတ်ခဲ့တာပါ။

အခင်းဖြစ်ပွားချိန်မှာ ၀င်ရောက်တားဆီးခဲ့သူ ဖခင်(အရင်း) ပါ ဓါးထိုးခံခဲ့ရပြီး အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရပါတယ်။ တရားခံဟာ အခင်းဖြစ်ပွားပြီး အိမ်ကထွက်ပြေး သွားခဲ့ပါတယ်။ မြို့ နယ် တနေရာကို ထွက်ပြေးဖို့  ကားစောင့်နေစဉ်မှာ တရားခံကို သိနေကြတဲ့ သူတွေက ရဲစခန်းကို သတင်းပေးခဲ့ကြလို့  ဖမ်းဆီးနိုင်ခဲ့တာပါ။

မူးယစ်ဆေးစွဲနေခဲ့သူ တရားခံဟာ ဒေါသကြောင့် လုပ်ခဲ့တာလို့  ၀န်ခံခဲ့တဲ့ အပြင် မိခင်ရဲ့ အလောင်းရှိရာကို နောက်ဆုံးအနေနဲ့  သွားပြီး တောင်းပန်ဖို့  ရဲတွေက ခွင့်ပေးခဲ့တာကို တရားခံက သွားစရာမလိုကြောင်းငြင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ လူငယ်တွေအကြား ဆေးစွဲနေမှုဟာ နိုင်ငံအတွင်း အလွန် အန္တရယ်ကြီးမား လာနေတာကြောင့် စစ်အစိုးရအဖို့  အရေးပေါ်နှိမ်နင်းနေရတဲ့ တာဝန်တခုဖြစ် ပါတယ်။

Credit The Nation
Social Action for Women - SAW
မိဘ နှစ်ပါးကို သတ်ခဲ့သူ ထိုင်းနိုင်ငံသား အား လူထုအကူအညီနဲ့  ဖမ်းဆီးနိုင်ခဲ့  မိဘ နှစ်ပါးကို သတ်ခဲ့သူ ထိုင်းနိုင်ငံသား အား လူထုအကူအညီနဲ့  ဖမ်းဆီးနိုင်ခဲ့ Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.