မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၄)လမ်း၊ (၂၇)လမ်းထောင့်ရှိ အဆင့်မြင့် ဈေးချို (C) သရဖီရုံမှာ ဇွန်(၃၀)ရက် နေ့လည်(၂)နာရီဝန်းကျင်က ချက်ကြိုးမကြွေသေးတဲ့ ကလေးငယ်တစ်ဦး တွေ့ရှိရတယ်လို့ သိရပါတယ် ။
'' လူသွားစင်္ကြန်လမ်းမှ ခြင်းတစ်ခု ပစ်ထားတာတွေ့လို့ သွားကြည့်တဲ့အချိန် ကလေးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်၊ အဲဒါနဲ့ ဈေးရုံးကို ပို့လာလို့ ကလေးကို ခဏ လက်ခံထားခဲ့တာပါ '' လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ ဈေး နှင့် သားသတ်ဌာန ဈေးချိုရုံးခွဲမှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ် ။
'' ကလေးကိုကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို့ ဆေးရုံပို့မှာပါ၊ ခေါ်ယူ မွေးစားခွင့်ရတဲ့အချိန် ကလေးဘ၀ အနာဂတ်ကောင်းအောင် ကျွေးမွေးဖို့ မွေးစားနိုင်ဖို့ ဥပဒေလမ်းကြောင်းအတိုင်း က်လုပ်သွားမှာပါ '' လို့ ကလေးငယ်ကို မွေးစားမယ်ဆိုတဲ့ အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် သံလျှက်မှော်အရှေ့ ပုဂံကျောင်းတိုက် အနောက်ပေါက်ဝအနီးမှာ ဇွန်(၂၅)ရက်နေ့ က (၂)ရက်သား ကလေးငယ်ကို စွန့်ပစ်သွားခဲ့ရာ တွေ့ရှိသူက အကြောင်းကြားတာကြောင့် ဇွန်(၂၆)ရက်နေ့ နေ့လည်ပိုင်းက အ၀ါရောင် မျိုးဆက်သစ် လူငယ်များ ပရဟိတအသင်း (YGW) ကို ခေါ်ယူ စောင့်ရှောက်ထားတယ်လို့ သိရပါတယ် ။
သတင်းထောက် ........... ရဲရင့်မာန် ( မန္တလေး)
5 Plus News
https://www.facebook.com/5plusnews/
မန္တလေးအဆင့်မြင့်ဈေးချို သရဖီရုံမှာ ချက်ကြိုးမကြွေသေးသော ကလေးငယ် တစ်ဦးကို လူမှုဝန်ထမ်းပို့
Reviewed by THITHTOOLWIN
on
10:32
Rating: