မန္တလေး ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်မှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးအတွက် စီတန်းလှည့်လည်


မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ကမ္ဘာငြိမ်းချမ်းရေးတက္ကသိုလ်၊ ဥယျာဉ်ပဋိယတ္တိစာသင်တိုက် ဆရာတော် ဦးဇောတိကဦးဆောင်၍ သံဃာတော်များနှင့် လူပုဂ္ဂိုလ်အင်အား ၅၀၀ ခန့်က ဇူလိုင် ၁၅ ရက် (ယနေ့) နံနက် ၈ နာရီက အမျိုးဘာသာ သာသနာမခွဲခြားဘဲ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအတွက် စီတန်းလှည့်လည်ခဲ့ကြသည်။


“အမျိုးဘာသာသနာမခွဲခြားဘဲ ငြိမ်းချမ်းတဲ့ကမ္ဘာကြီးဆီသို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာပဲ။ နိုင်ငံရေးရည်ရွယ်ချက်တွေ မပါပါဘူး။ စစ်ပွဲရပ်ဖို့လမ်းလျှောက်တာလည်း မဟုတ်ဘူး။ အားလုံးမခွဲခြားဘဲ ငြိမ်းချမ်းရေးဆီ လျှောက်လှမ်းနိုင်ဖို့အတွက်ပါ”ဟု ဦးဆောင်သူ ဆရာတော် ဦးဇောတိက သာသနဓဇဓမ္မာ စရိယ(MA သိရိလင်္ကာ)က မိန့်ကြားသည်။


လမ်းလျှောက်သူများတွင် သမ၀ါယမကောလိပ်မှ ကျောင်းသားများ၊ ငြိမ်းချမ်းရေးလိုလားသူများပါဝင်ပြီး “ငြိမ်းချမ်းစွာ အတူယှဉ်တွဲ လမ်းလျှောက်ကြစို့“၊ “ငြိမ်းချမ်းသော ကမ္ဘာဆီသို့”စသည့် ဗီနိုင်းများကို ကိုင်ဆောင်ပြီး ရန်ကင်းတောင် ကမ္ဘာငြိမ်းချမ်းရေးတက္ကသိုလ်စုရပ်မှ ထွက်ခွာခဲ့ပြီး တောင်ပတ်လမ်းအတိုင်း လမ်းလျှောက်ကြကာ ဥယျာဉ်ပတိရတ္တိစာသင်တိုက်တွင် ပြီးဆုံးခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်ကို ၂၀၁၄ ခုနှစ် စတင်ဆောက်လုပ်ခဲ့၍ ၂၀၁၇ ခုနှစ်တွင်ပြီးစီးမည်ဖြစ်ကာ မည်သည့်ဘာသာနှင့် မည်သည့်လူမျိုးမဆို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
မန္တလေး ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်မှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးအတွက် စီတန်းလှည့်လည်  မန္တလေး ကမ္ဘာ့ငြိမ်းချမ်းရေးတက္ကသိုလ်မှ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ ငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ရေးအတွက် စီတန်းလှည့်လည် Reviewed by THITHTOOLWIN on 16:45 Rating: 5
Powered by Blogger.