ရန်ကုန် ဇူလိုင် ၁၃
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဘောဂရပ်ကွက်နှင့် စမ်းချောင်းမြို့နယ် ခတ္တာလမ်းထိပ် တို့၌ ခရီးသွားပြည်သူများဖြတ်သန်းရန် တည်ဆောက်ထားသော ရထားလမ်း လူကူး တံတားအောက် ဘောဂရပ်ကွက်အပိုင်း ရထားလမ်းပေါ်သို့ ဇူလိုင် ၁၂ ရက် နံနက် ၁၁ နာရီက အမျိုးသားတစ်ဦး ပြုတ်ကျသတိလစ်မှုဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ဘောဂရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းနှင့် ကြည့်မြင် တိုင် မြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ဝင်များက လာရောက်ကြည့်ရှုစစ်ဆေးရာ ပြုတ်ကျ နေသူမှာ အသက် ၃ဝ ဝန်းကျင်ခန့် အမျိုးသားတစ်ဦးဖြစ်ပြီး သတိပြန်လည်လာသော် လည်း မိမိအမည်နှင့် နေရပ်လိပ်စာကို ပြန်လည်ပြောပြနိုင်ခြင်းမရှိကြောင်း သိရသည်။
ယင်းတံတားကို လျှပ်စစ်ရထားပြေးဆွဲနိုင်ရန်အတွက် တံတားဟောင်း ဖျက်ပြီး တံတားအသစ် ပြန်လည်တည်ဆောက်ခြင်းဖြစ်သည်။ တံတားပြန်လည် တည်ဆောက်စဉ်က တံတားအခြေမှ မလွတ်ကင်းသော အုတ်နံရံကိုဖြိုဖျက်၍ မလှမ်းမကမ်းရှိ အုတ်နံရံအကာအား ခရီးသွားများ ယာယီကူးသန်းနိုင်ရန် ဖြိုဖျက် ပေးခဲ့သည်။ ဇွန် ၁၇ ရက်ကစတင်၍ တံတားပေါ်မှ ဖြတ်သန်းခွင့်ပြုခဲ့သော်လည်း အ္တရာယ်ရှိ ရထားလမ်းအကာ အုတ်နံရံများကို ယခုအချိန်အထိ ပြန်လည်ကာရံ ပေးခြင်းမရှိခဲ့သည်ကို တွေ့ရသည်။ ယခုကဲ့သို့ အကာအရံမဲ့မှုကြောင့် ဖျက်ထားသည့် အုတ်နံရံ၏ အစွန်းပေါ်မှ ရထားလမ်းပေါ်သို့ ပြုတ်ကျရခြင်းဖြစ်ကြောင်း တွေ့မြင်သူ များက ပြောသည်။
''ပြန်ဆောက်ပေးတဲ့တံတားက သိပ်မြင့်လွန်းနေတယ်။ မြင့်တဲ့အပြင် လျှောက်လမ်းမှာ ဘေးအကာအရံက မလုံခြုံဘူး။ အဲဒီအပေါ်ကသာကျရင် အသက်ပါဆုံးရှုံးနိုင်တယ်''ဟု တံတားအနီး နေထိုင်သူတစ်ဦးက ပြောသည်။
တင်ဝင်းလေး(ကြည့်မြင်တိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
စမ်းချောင်းမြို့နယ်ရှိ ရထားလမ်းကူး တံတားပေါ်မှ လူတစ်ဦးပြုတ်ကျ
Reviewed by THITHTOOLWIN
on
08:31
Rating: