လီဆူအမျိုးသား ညီလာခံကို ဇူလိုင် ၁ ရက်နေ့က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်က ဗက်လင်လီဆူ နှစ်ခြင်းခရစ်ယာန် အသင်းတော်ကျောင်းဝင်းမှာ ကျင်းပစဉ်။ Photo: Kyaw Myo Min/RFA |
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗက်လင် လီဆူနှစ်ခြင်း ခရစ်ယာန်အသင်းတော်ကျောင်းမှာ ဒီကနေ့ပြုလုပ်တဲ့ ပထမအကြိမ် လီဆူအမျိုးသား ညီလာခံဖွင့်ပွဲမှာ ဦးဆီဖာလာလူး က ပြောခဲ့တာပါ။
၂၁ ရာစု ပင်လုံညီလာခံမှာ လီဆူတိုင်းရင်းသားတွေကို ကိုယ်စားပြုတင်ပြဆွေးနွေးနိုင်ဖို့အတွက် အခု လီဆူညီလာခံမှာ အချက်အလက်တွေရှာဖွေ ဆွေးနွေးနေကြတယ်လို့ အခမ်းအနား စီစဉ်သူတွေကပြောပါတယ်။
လီဆူညီလာခံမှာ နိုင်ငံရေး၊ လူမှုရေး နဲ့ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒတွေ ကို ဆွေးနွေးနေကြတာဖြစ်ပြီး နိုင်ငံရေး ၊ လူမှုရေး၊ ဘာသာရေး စတဲ့နယ်ပယ်တွေက လီဆူတိုင်းရင်း သား ခေါင်းဆောင်တွေလည်းတက်ရောက်နေပါတယ်။
လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဦးဆောင်ပြီး ပြုလုပ်နေတဲ့ အဲ့ဒီညီလာခံကို ရှမ်း၊ကချင်၊ မန္တလေး၊ ရန်ကုန် စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လီဆူတိုင်းရင်းသား ၄၀၀ လောက် တက်ရောက်နေကြပါတယ်။
RFA Burmese
http://www.rfa.org/burmese
လီဆူ အမျိုးသားညီလာခံ ကျင်းပ
Reviewed by THITHTOOLWIN
on
18:04
Rating: