ရေဘေးဒဏ်ခံရသော ရခိုင်ပြည်သူများအား ၀န်ကြီးချုပ် ဦးညီပု သွားရောက်ထောက်ပံ့ပေး


 ဇူလိုင် ၇

ရခိုင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် မြို့နယ်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့သည် ဇူလိုင်လ ၇ ရက်နေ့တွင် သွားရောက်ကူညီထောက်ပံ့ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဟတ်ယာဉ်ဖြင့် မင်းပြားမြို့နယ်သို့ သွားရောက်၍ ရေးဘေး ဒဏ်ခံရသည့်ကျေးရွာများတွင် စားသောက်ကုန် ပစ္စည်းများချပေး ခဲ့ပြီး ရေဘေး ဒဏ်ခံရသည့် ပြည်သူများအတွက် ဆန်အိတ် ၅၀၀ ထောက် ပံ့ပေး ခဲ့ကြောင်းသိရသည်။


မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ဇူလိုင်လ ၅ ရက်နေ့မှစ တင်ကာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ၊ အမ်းနှင့် ဘူးသီးတောင်မြို့ များတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ရေနစ်မြုပ်ခဲ့သည့် မြို့ပေါ်ရပ်ကွက် တချို့နှင့် ကျေးရွာတချို့မှအိမ်ထောင်စုများမှာ စာသင် ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်း များသို့ ပြောင်းရွေ့ ခိုလှုံနေကြရသည်။

ယခုကဲ့သို့ ရေကြီးရေလျှံမှုများကြောင့် ရွှေ့ပြောင်းနေထိုင်လာကြရသည့် မိသားစုဝင်များအား အဓိကဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် မြို့နယ်ရှိဆေးရုံများတွင် လိုအပ်သည်များဆောင်ရွက်ပေးရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုမှ မြို့နယ်တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဝန်ကြီးချုပ် ဦးညီပုသည် နေပြည်တော် အစည်းအဝေးသို့ သွားရောက်နေရသည့် အတွက် ရေဘေးဒဏ် ခံရသည့် ပြည်သူများနှင့် အားချင်း မတွေ့နိုင်ခဲ့ကြောင်း ၊ ဇူလိုင်လ ၇ ရက်နေ့တွင် နေပြည်တော်မှနေ ရခိုင်ပြည်နယ် သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး စစ်တွေလေ ဆိပ်သို့ ရောက်ရှိသည်နှင့် ချက်ချင်း ကယ်ဆယ်ရေး ရဟတ်ယာဉ်ပေါ်သို့ တက်ရောက် ကာ ပြည် သူများနှင့် လာရောက် တွေ့ ဆုံခဲ့ခြင်း ဖြစ်ကြောင်း ရေဘေး ဒဏ်ခံနေရသည့် ပြည်သူများအား ရှင်းပြခဲ့သည်။


ကျောက်တော်မြို့နယ်တွင် ရေဝင်ရောက်မှုကြောင့် ကျေးရွာ ၁၃ ရွာ၊ အိမ်ထောင်စု ၆၃၃ စု၊ လူဦးရေ ၂၈၂၈ ဦးတို့မှာ မဟာမုနိဘုရားဓမ္မာရုံ၊ ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများနှင့် နီစပ်ရာ ဆွေမျိုးအိမ်များသို့ ရွှေ့ပြောင်း နေထိုင်ခဲ့ရကြောင်းသိရသည်။

အဆိုပါရေနစ်မြုပ်ခဲ့မှုကြောင့် မြောက်ဦးမြို့နယ်တွင် ဇူလိုင်လ ၅ ရက်နေ့မှ ၆ ရက်နေ့ထိ စာရင်းအရ ရပ်ကွက် ကျေးရွာပေါင်း ၁၆ ရွာ ၊ အိမ်ထောင်စု ၇၀၀ ကျော် ၊ လူဦးရေ ၃၄၁၈ ဦး နီးစပ်ရာသို့ ပြောင်းရွေ့ ခဲ့ ရကြောင်း မြောက် ဦးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါရေ ကြီးနစ်မြုပ်မှုကြောင့် ရန်ကုန်- စစ်တွေ ကားလမ်းမများပေါ်တွင် ရေကျော်မှုများ ဖြစ်ပွားခဲ့သည့် အတွက် လမ်းခရီးတချို့ ပြတ်တောက်မှုများ ရှိခဲ့ကြောင်း သိရသည်။

ယခုရေကြီးမှုဖြစ်စဉ်တွင် မင်းပြားမြို့သည် အဆိုးရွားဆုံးဖြစ်ကြောင်း မင်းပြားမြို့နယ်တွင် ကျေးရွာပေါင်း ၅၇ ရွာ ၊ အိမ်ထောင်စု ၃၁၆၄ စု ၊ လူဦးရေ ၁၃၁၂၃ ဦး နီးစပ်ရာ စာသင်ကျောင်း ၊ ဘုန်းတော်ကြီးကျောင်းများသို့ ပြောင်းရွေ့ ခိုလှုံခဲ့ရကြောင်း သိရသည်။

မင်းပြားမြို့ခံ ကိုကျော်ဋ္ဌေးက “ ဒီနေ့ မနက်ပိုင်း မြို့ပေါ်ရပ်ကွက်တွေ မှာ ရေကျသွားတာ ရှိပါတယ်။ နယ်ဘက် တွေမှာတော့ ရေကျရင်လည်း နည်းနည်း ပါးပါးလောက်ပဲ ကျတာရှိတယ်။ စိတ်ချရတဲ့ အခြေအနေမှာ မရှိသေး ဘူးလို့ပြောတယ်။ ကျေးရွာသားတချို့ကတော့ အိပ်ပြန်ကြ တာရှိတယ်။ အများစုကတော့ မပြန်ဖြစ်သေးဘူး။ ” ဟုပြောသည်။

ရေကြီးနစ်မြုပ်မှုကြောင့် မင်းပြားမြို့နယ် လေးမြို့ချောင်းအတွင်း တည်ရှိသော နာဂရာ ကျေးရွာအုပ်စုတွင် နေအိမ် ၁၁ လုံး ပျက်စီးသွားခဲ့ပြီး ယင်းမြို့နယ် ရွေတမာ ကျေးရွာအုပ်စုတွင်လည်း ရေတိုက်စားပြီး ကမ်းပါးပြိုကျသွားသည့် အတွက် နေအိမ် ၁၀ ကျော် အရေးပေါ်ပြောင်းရွေ့ရန် စီစဉ်နေရကြောင်း သိရသည်။

BY နေ၀င်းစံ ၊ ဟန်လင်းနိုင်
Rakhine Gazette
https://www.facebook.com/RakhineGazette/
ရေဘေးဒဏ်ခံရသော ရခိုင်ပြည်သူများအား ၀န်ကြီးချုပ် ဦးညီပု သွားရောက်ထောက်ပံ့ပေး ရေဘေးဒဏ်ခံရသော ရခိုင်ပြည်သူများအား ၀န်ကြီးချုပ် ဦးညီပု သွားရောက်ထောက်ပံ့ပေး Reviewed by THITHTOOLWIN on 06:30 Rating: 5
Powered by Blogger.