ဓါတ်ပုံ - ကလေးမြို့မရဲစခန်း |
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် စိတ်ကြွ ဆေးပြားများ သယ်ဆောင်လာသည့် အဝေးသင် တက္ကသိုလ်ကျောင်းသူတစ်ဦးအား ဇွန် ၂၉ရက်တွင် ဖမ်းဆီးမိခဲ့ကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်
ည ၈ နာရီအချိန်၌ ကလေးမြို့နယ်၊ ဖောင်ကူးကျေး ရွာအနီး မြို့ဝင်မုဒ်ဦးအနီးတွင် ကလေးခရိုင်မှုခင်းနှိမ် နင်းရေးအဖွဲ့မှ ရဲအုပ်သီဟနှင့် မူးယစ်တပ်ဖွဲ့စု(၅)မှ ရဲအဖွဲ့တို့ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေစဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့မှ ရဲအုပ်သီဟက ပြောသည်။
"ရှောင်တခင်စစ်ဆေးနေတုန်း တမူးမြို့ဘက်ကနေ လာတဲ့ လိုင်းပြေးတဲ့ ဗင်ကားတစ်စစ်ကို စစ်ဆေးတာမှာ အသက် ၁၉နှစ်ပဲရှိသေးတဲ့ အဝေးသင်တက္ကသိုလ်တက် နေတဲ့ ကျောင်းသူတစ်ဦးကို မသင်္ကာလို့ ကလေးမြို့မရဲ စခန်းကို ခေါ်ယူပြီး အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေက ရှာ ဖွေစစ်ဆေးရာမှာ 88&1 စိတ်ကြွဆေးပြား ၈၃၉ပြားကို ဖမ်းဆီးရမိခဲ့တာပါ"ဟု ရဲအုပ်သီဟက ပြောသည်။
၎င်းဆေးဝါးများကို တမူးမြို့၊ စော်ဘွား ၇ရပ်ကွက်ရှိ အဒေါ်မှ ပခုက္ကူမြို့နေသူထံ အခကြေးငွေဖြင့် သွား ရောက်ပို့ဆောင်ခိုင်းကြောင်း ထွက်ဆိုသဖြင့် အဒေါ် အား သွားရောက်စုံစမ်းရာ ထွက်ပြေးတိမ်းရှောင်သွား ကြောင်း သိရသည်။
မူးယစ်ဆေးဝါး သယ်ဆောင်သူ၊ ပို့ခိုင်းသူအဒေါ်နှင့် လက်ခံမည့် ပခုက္ကူမှ အမျိုးသားတို့အား ကလေးမြို့မ ရဲစခန်းမှ မယ (ပ) ၇၇/၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၀(က)/၂၁ အရ အမှုဖွင့်ထားကြောင်း သိရသည်။
ဟိန်းလင်းသန့်၊ စည်သူထွန်း
Central News Myanmar
https://www.facebook.com/CNMyanmar
စိတ်ကြွဆေးပြားများ သယ်ဆောင်လာသည့် အဝေးသင်တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူတစ်ဦးကို ကလေးမြို့၌ ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
17:27
Rating: