ပဲခူးတိုင်းဒေသကြီး ၊ ကျောက်တံခါးမြို့နယ် ၊ မြို့ချောင်းရဲနွယ် တမံအနီးမှာ ဇူလိုင်လ(၂၉) ရက်ညနေပိုင်း က တောဆင်ရိုင်း တစ်ကောင် အဆိပ်လူးမြား ထိမှန်သေဆုံးခဲ့ပါတယ်။
သေဆုံးခဲ့တဲ့ ဆင်ဟာ(၉)ပေခန့်အရွယ် အစားရှိပြီး အဆိပ်လူးမြား(၄)လက်မခန့် စိုက်ဝင်သေဆုံးခဲ့တာဖြစ်တယ်လို့ ဆင်ကိုခွဲစိတ်ခဲ့တဲ့ ဆရာဝန်ကပြောပါတယ်။
အဆိပ်လူးများ ထိမှန်ပြီးတဲ့နောက် ဆင်ဟာတောင်ပေါ်ကို ပြန်မတက်နိုင်တော့ပဲ ဆည်ထဲကို ပြုတ်ကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ(၃၀)ရက် မနက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာနက တာဝန်ရှိသူတွေ လာရောက်စစ်ဆေး ခဲ့ကြပြီး (၁၄)လက်မရှိတဲ့ အစွယ်(၂)ချောင်း ကို ကျောက်တံခါးသစ်တော ဦးစီးဌာနက တောအုပ်ကြီး ဦးမျိုးမြင့်ထွန်းထံ အပ်နှံထားတယ်လို့ သိရပါတယ်။
5 Plus News
https://www.facebook.com/5plusnews
ကျောက်တံခါးမြို့နယ်မှာ တောဆင်ရိုင်း တစ်ကောင် အဆိပ်လူးမြှား ထိမှန်သေဆုံး
Reviewed by THITHTOOLWIN
on
21:08
Rating:
