အီတလီမှာ တရုတ်အလုပ်သမားနဲ့  ရဲတပ်ဖွဲ့  တို့ ရိုက်ပွဲများဖြစ်ပွား


Breaking news on 01 Jul 2016 09:57 GMT+02:00

ဥရောပရဲ့  တရုတ်နိုင်ငံသားအများ နေထိုင်ရာ အီတလီနိုင်ငံမှာ တရုတ်တန်း လူသိများတဲ့ esto Fiorentino မှာ အီတလီ ရဲတွေနဲ့  တရုတ်နိုင်ငံသားပိုင် အထည် စက်ရုံမှာ လုပ်နေကြတဲ့ တရုတ်နိုင်ငံသား အလုပ်သမား (၃၀၀)ကျော်တို့  ဟာ ဇွန်၃၀ ရက်နေကစတင်ပြီး ထိတ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားနေကြောင်းသိရပါတယ်။


စက်ရုံအတွင်းကို ခလေးခေါ်လာလို့  တားရင်းနဲ့  စဖြစ်တာလို့ လည်း သတင်းတွေမှာ ဖေါ်ပြနေပါတယ်။ ယခုဖြစ်ပွားခဲ့တဲ့ ထိတ်တိုက်ရင်ဆိုင်မှုမှာ ရဲတပ်ဖွဲ့ ဝင်(၄)ဦးနဲ့ တရုတ်အလုပ်သမား(၃)ဦး ဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။

တရုတ်နိုင်ငံသားတွေဟာ နိုင်ငံတော်အလံတွေလွှင့်ပြီး အမျိုးသားသီချင်းတွေ သံပြိုင်ဆိုနေကြတာလည်းတွေ့ ရပါတယ်၊ အီတလီ နိုင်ငံမှာနေထိုင်နေကြတဲ့ တရုတ်နိုင်ငံသားဦးရေ 270,000(နှစ်သိန်း ခုနှစ်သောင်းကျော်ရှိပါတယ်။

ယနေ့  သောကြာနေ့ မှာ တရုတ်လူမျိုးတွေနေ ထိုင်နေကြတဲ့ ရပ်ကွက်တွေကို အီတလီရဲ တွေ ၀င်စီးပြီး မှုခင်းတွေနဲ့  ပါတ်သက်နေသူ (၉)ယောက်ကို ၀င်ရောက်ဖမ်းဆီးခဲ့ တယ် လို့ လည်း သတင်းတွေ မှာဖေါ်ပြနေပါတယ်။

Social Action for Women - SAW
Thelocalit.com


အီတလီမှာ တရုတ်အလုပ်သမားနဲ့  ရဲတပ်ဖွဲ့  တို့ ရိုက်ပွဲများဖြစ်ပွား  အီတလီမှာ တရုတ်အလုပ်သမားနဲ့  ရဲတပ်ဖွဲ့  တို့ ရိုက်ပွဲများဖြစ်ပွား Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.