မန္တလေး ဧရာဝတီဆိပ်ကမ်း မြစ်ရေမှာ ဇူလိုင် ၃၀ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းတာချက်များအရ စိုးရိမ်ရေ အမှတ်ထက် တစ်ပေခွဲခန့် (၄၂ စင်တီမီတာ)ကျော် လွန်ပြီဖြစ်သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် အစိုးရအဖွဲ့၊ မြို့ တော်စည်ပင် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁ နာရီက ကာကွယ်ရေးလုပ် ဆောင်မှုများကို မြစ်ကမ်းတလျောက်ကြည့်ရှုသည်။
"ဘယ်နေရာရေကြီးကြီး အစိုးရက နောက်မှရောက်ပြီး NGO တွေအရင်ရောက်တယ်လို့ ပြောကြတယ်။ကျွန်တော်တို့မှာ အမိန့်ခံရ၊ ပစ္စည်းရှာရ၊ အလှူခံရနဲ့၊ ဒါမျိုးမဖြစ်ဘဲ ချက်ခြင်း ကူညီနိုင်အောင် လုပ်သွား မှာပါ။"ဟု မန်းတိုင်းဝန်ကြီးချုပ်ကပြောသည်။
တိုင်းဒေသကြီးအစိုးရ ဦးဆောင်မှုဖြင့် မြို့တော်စည်ပင် သာယာမှ သဲအိတ်များနင့် လူအင်အား အဆင် သင့် ထားရှိပြီး မီးသတ်တပ်ဖွဲ့နင့်အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များ၊ လူမှုရေးအသင်းများက ကမ်းနားတလျောက် အဆင်သင့်စောင့်ဆိုင်း နေကြပြီဖြစ်သည်။
ခိုင်ဆက်ဝေ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
မန္တလေးမြစ်ရေ စိုးရိမ်ရေအမှတ်ထက် တစ်ပေခွဲကျော်လွန်
Reviewed by THITHTOOLWIN
on
20:57
Rating:
