ဝီရသူ မှ အစိုးရကို ရာဇသံ ပေးပြီ။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကို ၀ိုင်းရံကြ


ရန်ကုန် တိုင်း ၀န်ကြီးချုပ် ဖြိုးမင်းသိန်းက မဘသ အဖွဲ့အစည်းက မလိုအပ်တော့ဟူသော စကားကို စင်္ကာပူရှိ မြန်မာ များ နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားခဲ့သလို အပြန် ရန်ကုန် လေဆိပ်မှာ လက်တဆုပ်စာ သာ ရှိတဲ့ ဆန္ဒပြ သမားတွေ ဆိုင်းဘုတ်လေးတွေ ကိုင်ပြီး လာရောက်စုရုံး စဉ်မှာလည်း ထပ် ပြောခဲ့ပြီး စိမ်ခေါ်လိုက်ပြီဖြစ်ပါတယ်။

ဒါ့အပြင် မဟာသံဃာနာယက အဖွဲ့ကိုပါ ဦးဖြိုးမင်းသိန်းမှ ဒီကိစ္စ သွားရောက် လျောက်ထားတယ်ဆိုပြီး အခု သတင်းတွေ ထွက်နေပါတယ်။

မဘသ ကလည်း အရေးပေါ် အစည်းအဝေး ခေါ်ပြီး ဦးဖြိုးမင်းသိန်းမှ ဒီလို ပြောခဲ့မှုကို တောင်းပန်ရန် ကြေငြာချက် တစောင်ထုတ်ခဲ့တဲ့ အပြင် ၀ီရသူ ဒီကိစ္စကို ဂျုလိုင် ၁၄ ရက်နေ့ မတိုင်မီ ဖြေရှင်းရမယ်လို့ ခြိမ်းခြောက် ခဲ့ပြီ ဖြစ်ပါတယ်။

ဒီမိုကရေစီ အင်အားစု များကလည်း ဦးဖြိုးမင်းသိန်းကို ၀ိုင်းရံ ဘို့ မဘသ အလိုမရှိ လှုံ့ဆော်ရေး တွေ စင်္ကာပူ အပါအ၀င် ပြည်တွင်း ပြည်ပမှာ စတင် လှုံ့ဆော်လာနေပြီ ဖြစ်ပါတယ်။

အခုအခါ မှာ မဘသ က လက်ရှိ အစိုးရ ဆန့်ကျင်ရေး အသင်းအဖွဲ့ကြီး အဖြစ် နောက်ကွယ်က ကြိုးဆွဲသူများ အလိုကျ ပြောင်ပြောင်ကြီး အသုံးတော်ခံ ကပြလာနေပါတယ်။

ဒီနေရာမှာ နိုင်ငံရေး အလှည့်အပြောင်းကြီး တခုကို ၎င်းတို့ မျက်ခြေ ပြတ်သွားခဲ့ရတာကတော့ ဒေါ်အောင်ဆန်းစုကြည်က ရက် ၁၀၀ ပြည့်ပြီး နောက်ပိုင်းမှာ မြန်မာပြည်မှာ သြဇာ အာဏာ အကြီးမားဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီ ဆိုတဲ့ အချက်ပါပဲ၊

စစ်တပ်က ဆန့်ကျင်နေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လောလောဆယ် မလုပ်တော့ပဲ စစ်တပ် ပြောနေသလို ပြည်တွင်း ငြိမ်းချမ်းရေးကို အရင် တည်ဆောက်မယ် ဆိုပြီး လုံးပမ်းလာနေတဲ့ အတွက် ၎င်းတို့ မျှော်လင့်သလို စစ်တပ်နဲ့ ထိတ်တိုက် မတွေ့တော့ပဲ မဘသ ကို ၎င်းတို့ လုပ်ရပ်များ မရပ်တန့်ပါက တည်ဆဲ ဥပဒေများအရ အရေးယူ သွားမယ်ဆိုတာ ထင်ရှားလာနေပါတယ်။

မဘသ အဖို့ က ဒေါ်အောင်ဆန်းစုကြည် မှ စစ်တပ် နဲ့ အလိုလို ထိတ်တိုက်တွေ့ပြီး အလဲလဲ အပြိုပြို ဖြစ်တော့မယ်လို့ ယုံကြည်ပြီး တဘက်က မလိုအပ်ပဲ ဖိအားတွေ ပေးလာခဲ့တာ အခု ကိုယ့်ရှုး ကိုယ်ပါတ် တော့မှာ ဖြစ်ပါတယ်။

ဒီအတွက် မဘသ မှ ကြားနေနေသော သံဃာများကို သာသနာရေး အတွက် လုပ်နေတဲ့ ၎င်းတို့ အဖွဲ့ကြီး ဒုက္ခ ရောက်တော့မယ်လို့ နတ်သံနှောပြီး မစည်းရုံး နိုင်ခင် လုပ်မယ်ဆိုက ပြတ်ပြတ်သားသား လုပ်ရန် အချိန်ရောက်နေပြီ ဖြစ်တယ်လို့ ထင်ပါတယ်။

အမျိုးသားရေး ခေါင်းစဉ် တပ်ထားတဲ့ မဘသ က အမျိုးသား ကြီးပွား တိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး စသည်တို့မှာ တလုံးတပါဒမျပင် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပဲ ပြည်တွင်းမှာ လူမျိုးရေး မုန်တီးမှုကို သာ သက်သက် ဖန်တီးနေကာ ကုလား ဆန့်ကျင်ရေးကိုသာ အမျိုးသားရေး ဟု ဆိုလာပြီး ကုလား ဆန့်ကျင်နိုင်ဘို့ တတိုင်းပြည်လုံးက တိုးတက်ရာ တိုးတက်ကြောင်း ကြံစည်စရာ မလိုပဲ ဆင်းရဲတွင်းထဲ ဆက်နေပြီး ၎င်းတို့ အတွက် လိုအပ် ပါက ဒုတ်ဆွဲ ဓါးဆွဲ ထွက်နိုင်မယ့် လူအများ အဖြစ်သာ ရှိစေလိုပါတယ်။

ဆွမ်းကွမ်းဆိုပါက လည်း ပူစရာ မရှိ၊ လက်မဲကြီးများ က အလျံပါယ် ထောက်ပံ့နိုင်၍ ၎င်းတို့ အတွက် အလုံးအထည်က တစက်လေးမျှပင် လျော့နိုင်စရာ မရှိပဲ ၎င်းတို့ ဖန်တီးသော ဒုက္ခ အ၀၀ကို ပြည်သူများက သာ ကျော့ကော့အောင် ခံကြရဘို့ ရှိနေပါတယ်။

ဒီအတွက် ပြည်သူများ ငြိမ်းချမ်းစွာ ရောင်းဝယ်ဖေါက်ကား နေထိုင်နိုင်ရေး အတွက် မဘသ ကို ထိမ်းချူပ်ရန် လိုအပ်နေပြီ ဖြစ်၍ တိုင်းပြည် ချစ်သူတိုင်း ဦးဖြိုးမင်းသိန်းကိုသာ ၀ိုင်းရံကြဘို့ရှိတယ်လို့ ထင်မြင်မိပါတယ်။

Hla Soe Wai
https://www.facebook.com/soewai66
ဝီရသူ မှ အစိုးရကို ရာဇသံ ပေးပြီ။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကို ၀ိုင်းရံကြ  ၀ီရသူ မှ အစိုးရကို ရာဇသံ ပေးပြီ။ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ကို ၀ိုင်းရံကြ Reviewed by THITHTOOLWIN on 07:51 Rating: 5
Powered by Blogger.