ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ဟုမ္မလင်းမြို့ နယ်တွင် စာသင်ကျောင်း (၁၂)ကျောင်း ယာယီပိတ်ထားရ

ဓာတ်ပုံ-အရှင် ပညာဇောတ ဖေ့ဘုတ်
မုံရွာ၊ဇူလိုင်-၇

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် အတွင်း ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်ပြီး ရေဝင်ရောက်မှူ့များကြောင့် စာသင်ကျောင်း (၁၂)ကျောင်း အား ဇူလှိုင်လ ၅ ရက်နေ့မှစတင်၍ ယနေ့ထိ ပိတ်ထားရကြောင်းဟုမ္မလင်းမြို့နယ်လက် ထောက်ပညာရေးမှူးဦးအောင်အောင်ကပြောသည်။

ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့နယ်အတွင်း ဇူလိုင်လ ၅ ရက်နေ့မှစတင်ဝင်ရောက်ခဲ့ပြီးမြို့ပေါ်မှ အလက ခွဲ တစ်ကျောင်းနှင့် မြို့နယ်အတွင်းရှိကျေးရွာများမှ (၁၁)ကျောင်း ပိတ်ခဲ့ရခြင်းဖြစ်သည်ဟု၎င်းကဆက်ပြောသည်။

"ကျောင်းကဘယ်အချိန်ပြန်ဖွင့်မယ်လို့အတိအကျ မပြောနိုင်သေးပါဘူး ခုထိရေတက်နေတုန်းဆိုတော့
ရေကျမှပြန်ဖွင့်မယ်လို့တော့အသိပေးပြောထားတယ် ရေကျသွားတဲ့နောက်ကျောင်းပြန်ဖွင့်ချိန်မှာ အချိန်ပိုခေါ်ယူပြီးအစားထိုပြန်လည်သင်ကြားပေး သွားဖို့ စီစဉ်ထားပါတယ်"ဟု လက်ထောက် ပညာရေးမှူးကဆိုသည်။

ဟုမ္မလင်းမြို့တွင်းသို့ရေဝင်ရောက်မှူ့မရှိသေးဘဲ မြို့တွင်းအနိမ့်ပိုင်းရပ်ကွက်များသာရေဝင်ရောက်မှုရှိကြောင်းသိရပါသည်။

ယနေ့(ဇူလိုင်လ ၇ )ရက်နံနက်ပိုင်းတိုင်း ထွာချက်အရ ဟုမ္မလင်းမြို့အနီး ချင်းတွင်းမြစ်ရေမှာ(၁၃၉၅)စင်တီမီတာထိရောက်ရှိနေပြီး စိုးရိမ်ရေမှတ်ကျော်လွန်နေဆဲဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှသိရ သည်။

ခင်ရတနာမိုး
Monywa Gazette
https://www.facebook.com/chindwingazet
ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ဟုမ္မလင်းမြို့ နယ်တွင် စာသင်ကျောင်း (၁၂)ကျောင်း ယာယီပိတ်ထားရ ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ဟုမ္မလင်းမြို့ နယ်တွင် စာသင်ကျောင်း (၁၂)ကျောင်း ယာယီပိတ်ထားရ Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.