ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေမြင့်တက်

ဒီနှစ်မိုးရာသီအတွက် မြစ်ကြီးနားမြို့ရဲ့အမြင့်ဆုံးရေမှတ် ၉၇၀ စင်တီမီတာကို ရောက်ရှိခဲ့တဲ့ ဧရာဝတီမြစ်ကို ဇူလိုင်လ ၄ ရက်နေ့ နေ့လည်ပိုင်းကတွေ့ရစဉ်။ Photo: Kyaw Myo Min/ RFA
ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကို ရောက်ရှိနေတဲ့အတွက် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်မှာ စာသင်ကျောင်း ၁၆ ကျောင်းကို ပိတ်ထားရပါတယ်။

စာသင်ကျောင်းတွေထဲမှာ ရေတွေဝင်နေတဲ့အတွက် ပိတ်ထားတာဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးညီညီထွေးက ပြောပါတယ်။

ချင်းတွင်းမြစ် ဝဲယာဘက်မှာရှိတဲ့ ကျေးရွာပေါင်း ၃ဝ ကျော်မှာလည်း ရေတွေဝင်ရောက်နေပြီး ပြောင်းရွှေ့ ဖို့ ပြင်ဆင်နေကြတယ်လို့လည်း ပြောပါတယ်။

အလားတူ အခုရက်ပိုင်းအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်နေတာကြောင့် ကချင်ပြည်နယ် ဗန်းမော်မြို့ နယ်ထဲက သပြေကုန်းကျေးရွာဟာ ရွာလုံးကျွတ်ပြောင်းရွှေ့နေရတယ်လို့ ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေ က ပြောပါတယ်။

မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲ့တွေအပါအဝင် လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေက မနေ့ကတည်းက ကူညီပြောင်းရွှေ့ပေးနေပြီး အခြေခံစားကုန်တွေကိုလည်း ထောက်ပံ့ပေးနေတယ်လို့ ပြော ပါတယ်။

ဒါ့အပြင် ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းမှာလည်း အနိမ့်ပိုင်းဒေသတွေက စိုက်ခင်းတချို့ ရေနစ်မြှပ်နေ တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးဦးကာလတုန်းကလည်း ကချင်ပြည်နယ်မှာ မိုးကြီးလို့ ဧရာဝတီမြစ်ရေတက်လာပြီး ဗန်းမော်ခရိုင် အတွင်းက တောင်သူတွေရဲ့ သီးနှံစိုက်ခင်းတွေ ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေမြင့်တက်  ချင်းတွင်းနဲ့ ဧရာဝတီမြစ်ရေမြင့်တက် Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.