ထိုင်းနိုင်ငံ တောင်ပိုင်း အကျဉ်းထောင် ဆူပူမှုဖြစ်ပွား


Breaking news on 15July 2016

ထိုင်းနိုင်ငံ တောင်ပိုင်း ပါသနီပြည်နယ် အကျဉ်းထောင်မှာ ယနေ့ ညနေ(၆)နာရီ ကစတင်ပြီး ထောင်သားတွေ ဆူပူမှု ဖြစ်ပွားနေကြောင်း သိရပါတယ်။ ထောင်သား ပေါင်း ၁၈၀၀ ရှိတဲ့ အကျဉ်းထောင်မှာ အကျဉ်းသားတွေ ဆူပူမှု ဖြစ်ပွားရာမှာ ထိမ်းချုပ်မရ ဖြစ်နေပြီး အနည်းဆုံး ထောင်သားတစ်ဦး သေဆုံးခဲ့ပါတယ်။


ထောင်ဆူနေကြတဲ့ အကျဉ်းသားတွေက ပါသနီခရိုင် မူဆလင် ဘာသာရေး ခေါင်းဆောင်နဲ့  ဆွေးနွေး ဖို့ လည်း တောင်းဆိုထားပါတယ်။

ပထမပိုင်းမှာ ထောင်အရာရှိ(၄)ဦး ရိုက်နှက်ခံခဲ့ကြောင်း သတင်းတွေမှာဖေါ်ပြနေပြီး အကျဉ်းသားတဦးကိုလည်း သတ်ဖြတ်ပြီး မီးရို့ ခဲ့ကြောင်း သိရပါတယ်။


ယခုညပိုင်းမှာ ထောင်သားတွေက အဆောင်တွေကို ဆက်တိုက် မီးရို့ နေကြပါတယ်။

ထောင်အပြင်မှာ အဓိကရုန်းနိမ်နင်းရေး ရဲတပ်ဖွဲ့  နဲ့  စစ်တပ်က ထောင်တွင်း ၀င်ရှင်းဖို့  ပြင်ဆင်နေတာကိုတွေ့ ရပါတယ်။

Social Action for Women - SAW
ထိုင်းနိုင်ငံ တောင်ပိုင်း အကျဉ်းထောင် ဆူပူမှုဖြစ်ပွား  ထိုင်းနိုင်ငံ တောင်ပိုင်း အကျဉ်းထောင် ဆူပူမှုဖြစ်ပွား Reviewed by THITHTOOLWIN on 22:25 Rating: 5
Powered by Blogger.