တယောက်တပေါက်ဖြစ်လာကြသည့် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်များ

ထိုင်းနယ်စပ်ရှိ အုန်းဖျန်မြန်မာဒုက္ခသည်စခန်းမှ ဒုက္ခသည်များ။
ဇူလိုင် - ၃ - ၂၀၁၆

ထိုင်းနယ်စပ်မှာခိုလှုံနေကြတဲ့ မြန်မာဒုက္ခသည် ၁ သိန်းခွဲကျော်ထဲက ဒုက္ခသည် (၂၀၀) ခန့်ဟာ သူတို့သဘောနဲ့သူတို့ နေရပ်ကို အမြန်ဆုံးပြန်ချင်တယ်လို့ မြန်မာအစိုးရတာဝန်ရှိသူတွေကို မကြာခင်က ပြောဆိုလာတဲ့အတွက် မြန်မာအစိုးရဘက်က ပြန်ခေါ်နိုင်ရေးကိစ္စတွေကို ဦးစားပေးအနေနဲ့ လုပ်ဆောင်နေပါတယ်။

ဒီလူတွေ နေရပ်ပြန်လို့ အဆင်ပြေခဲ့မယ်ဆိုရင် နောက်ကနေဆက်လိုက်မဲ့ လူတွေလည်း အရံသင့်ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးကတော့ " အမှန်ကတော့ ဒီလိုမဖြစ်သင့်ဘူး အားလုံးတိုင်တိုင်ပင်ပင်နဲ့ဆိုရင် ပိုကောင်းတာပေါ့ ကိုယ်တို့ဆီမှာက ဘယ်နေရာဘယ်ဒေသ ဘယ်အဖွဲ့အစည်း ဘယ်အသိုင်းအ၀ိုင်းမှာဘဲဖြစ်ဖြစ် တယောက်တပေါက်ဆိုတဲ့ ပြသာနာကြီးက မြန်မာနိုင်ငံမှာ အမြစ်တွယ်လာတာ ကြာပြီးဆိုတော့ လူတွေလည်း အကျင့်ပါသွားကြပြီး " လို့ ပြောဆိုပါတယ်။

နေရပ်ပြန်ဘို့ စာရင်းပေးထားတဲ့ မြန်မာဒုက္ခသည် (၂၀၀) ခန့်ကို အစိုးရဘက်ကနေသူတို့ကို ဘယ်မှာနေရာချပေးမှာလဲ ဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဒီလူတွေ နေရပ်ပြန်မဲ့ကိစ္စကို မြန်မာသံရုံး လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဌာနတွကနေ အဓိက ကိုယ်တွယ်မှာ ဖြစ်တယ်လို့တော့ သိရှိရပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား မီဒီယာ
တယောက်တပေါက်ဖြစ်လာကြသည့် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်များ  တယောက်တပေါက်ဖြစ်လာကြသည့် ထိုင်းနယ်စပ်က မြန်မာဒုက္ခသည်များ Reviewed by THITHTOOLWIN on 19:08 Rating: 5
Powered by Blogger.