![]() |
ဗုံးဒဏ်ကြောင့် အဆောက်အဦ တချို့တဝက် ပျက်စီးခဲ့။ |
လေကြောင်း တိုက်ခိုက်မှု တစ်ခုကြောင့် အိဒ်လစ်ဘ် ခရိုင်မှာ ရှိတဲ့ အဲဒီ ဆေးရုံ ဝင်ပေါက် ဗုံးထိမှန် ခဲ့တယ်လို့ ကလေးသူငယ် ကာကွယ် စောင့်ရှောက်ရေး အဖွဲ့ Save the Children က ပြောတာပါ။
အဆောက်အဦ ပျက်စီးသွားပုံကို သတင်း ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ အသေအပျောက် စာရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။
အဲဒီ ဆေးရုံဟာ လစဉ် ကလေးမွေးဖွားမှု ၃၀၀ ကျော် ရှိပြီး ဒေသတွင်းမှာ အကြီးဆုံး သားဖွားဆေးရုံ ဖြစ်တယ်လို့ ပရဟိတ အဖွဲ့က ပြောပါတယ်။
လေကြောင်း တိုက်ခိုက်မှုက ဘယ်သူ့ လက်ချက်လဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
တစ်ချိန်တည်းမှာပဲ အလက်ပို မြို့မှာ ပိတ်မိ နေသူတွေကို ကူညီဖို့အတွက် ဘေးကင်းတဲ့ လမ်းကြောင်းတွေကို ကုလ သမဂ္ဂက ကြီးကြပ်ခွင့်ရဖို့ ဆီးရီးယား ဆိုင်ရာ ကုလ သံတမန်က ရုရှားကို တောင်းဆို ထားပါတယ်။
ရုရှားက အဆိုပြုခဲ့တဲ့ အဲဒီ လမ်းကြောင်းတွေကို ကုလသမဂ္ဂက မူအရ လက်ခံပေမယ့် အသေးစိတ်ကို ရုရှားကို ထပ်မေးထားတယ်လို့ ဆီးရီးယား ဆိုင်ရာ ကုလ သံတမန် Staffan de Mistura က ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
ဆီးရီးယားမှာ သားဖွား ဆေးရုံ ဗုံးထိမှန်
Reviewed by THITHTOOLWIN
on
07:49
Rating:
