![]() |
( ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ဇူလိုင်လ ၃၁ ရက်နေ့က မန္တလေးမြို့မှာ ချီတက်လမ်းလျှောက် တိုက်တွန်းလှုံ့ဆော်နေစဉ် ) Photo: Hset Paing Toe/ RFA |
မန္တလေးမြို့က မင်္ဂလာမန္တလေးအိမ်ယာမှာ ကျင်းပတဲ့ " မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ" ကာတွန်းပြပွဲ ကို တက်ရောက်လာစဉ် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောခဲ့တာဖြစ်ပါတယ်။
လာမယ့်သြဂုတ်လကုန်လောက်မှာ ကျင်းပဖို့ လျာထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံ ကြိုဆိုတဲ့အနေနဲ့ မန္တလေးမြို့က နိုင်ငံရေးအင်အားစုတွေ လူမှုရေးအသင်းအဖွဲ့တွေ တောင်သူ လယ်သမား အလုပ်သမားတွေစုပေါင်းပြီး မန္တလေးမြို့မှာ ချီတက်လမ်းလျှောက်ခဲ့ကြတာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကိုလိုလားတဲ့အတွက် ပင်လုံညီလာခံကို ထောက်ခံတာဖြစ်တယ်လို့ ပွဲဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က ကိုသိန်းအောင်မြင့် က ပြောပါတယ်။
လမ်းလျှောက်ပွဲမှာ လူအင်အား ၁၀၀ ခန့် ပါဝင်ခဲ့ပြီး မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်ဘုရားရှေ့ကနေ မင်္ဂလာမန္တလေးအိမ်ယာအထိ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။
ပါဝင်သူတွေဟာ ၂၁ ပင်လုံညီလာခံ အောင်ရမယ်၊ ဖယ်ဒရယ်ပြည်ထောင်စုတည်ထောင်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရပ်စဲရေး တို့ကို ကြွေးကြော်ခဲ့ကြပါတယ်။ အလားတူ ထောက်ခံကြိုဆိုပွဲတွေကို တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလည်း ကျင်းပသင့်တယ်လို့ လမ်းလျှောက်ပွဲမှာ ပါဝင်သူတွေက တိုက်တွန်းလှုံ့ဆော်ခဲ့ကြပါတယ်။
ချီတက်ပွဲမှာ ပါဝင်ကြသူတွေဟာ လာမယ့် သြဂုတ်လ ၆ ရက်နေ့အထိ ၇ ရက်တိုင်တိုင် မန္တလေးမြို့ အနှံ့ လှည့်လည်လမ်းလျှောက်ချီတက်ကြမှာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese
၂၁ ရာစု ပင်လုံညီလာခံ ထောက်ခံလမ်းလျှောက်ပွဲ
Reviewed by THITHTOOLWIN
on
16:37
Rating:
