ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ကျေးရွာအ၀င်မှာ ဇွန်လ ၃ဝ ရက်နေ့က လူသေအလောင်းတွေကို တွေ့ရစဉ်။ Photo: Kan Thar/RFA |
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေနဲ့ အမှုကိုဆက်လက်စုံစမ်းစစ်ဆေးရန် သင့် မသင့် ဆိုတာကို ဆုံးဖြတ်သွားမှာဖြစ်တယ်လို့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဥာဏ်ဇော်က အခုလိုပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်မှာ ဇွန်လ၂၅ ရက်နေ့က အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး တစ်ဦး အသတ်ခံရမှုအတွက် ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ကလည်း အမှုဖွင့်အရေးယူထားခြင်း မရှိသေးပါဘူး။ အဲ့ဒီ အမှုအတွက် လာရောက်တိုင်တန်းသူ မရှိသေးဘူးလို့ ရှမ်းပြည်နယ်၊ မြောက်ပိုင်း ရဲတပ်ဖွဲ့က ဒုတိယရဲမှူး ကြီး အောင်မြတ်မိုး က ပြောပါတယ်။
ဇွန်လ ၂၅ ရက်နေ့က လက်နက်ကိုင်တပ်ဖွဲ့  တစ်ဖွဲ့က ဒေသခံ ၁၁ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အမျိုးသမီး ၆ ဦးကိုသာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ပြောင်းဖူးခင်းထဲက အလောင်း ၅ လောင်းဟာ အဖမ်းခံလိုက်ရတဲ့ လူ ၅ ယောက်လို့ ယူဆကြပါတယ်။
မိုင်းယော်ကျေးရွာနားက ပြောင်းဖူးခင်းထဲမှာ ၅ လောင်းကို မြှုပ်နှံထားတာဖြစ်ပြီး နောက်ထပ် ၂ လောင်းကို မိုင်းယော်လမ်းမအနီးမှာ တွေ့ရှိတာဖြစ်ပါတယ်။
မိုင်းယော်လမ်းမအနီးမှာတွေ့တဲ့ အလောင်း ၂ လောင်းဟာ မိုင်းယော်ကျေးရွာဖက်ကို ဆိုင်ကယ်နဲ့လာစဉ် လက်နက်ကိုင်တပ်ဖွဲ့က တားဆီးရာမှာ ရပ်မပေးတဲ့အတွက် အပစ်ခံရပြီး သေဆုံးတာလို့ လားရှိုးမြို့အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့က ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းက အဲဒီနယ်တ၀ိုက်ဟာ အစိုးရတပ်မတော်အပြင် တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တပ်တွေ လှုပ်ရှားကြတဲ့ နယ်မြေဖြစ်ပါတယ်။
RFA Burmese
http://www.rfa.org/burmese/
ဒေသခံအလောင်းတွေ တွေ့ရှိတဲ့ အပေါ် လူ့အခွင့်အရေးကော်မရှင် က စုံစမ်းနေ
Reviewed by THITHTOOLWIN
on
16:26
Rating: