မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့ နယ် အနောက်ချောက်ကန်အုပ်စု အရှေ့ချောက်ကန်နဲ့ အနောက်ချောက်ကန် ကြားတွင် သမီးရည်းစား စုံတွဲများကို တစ်နာရီ ငွေကျပ် ၃၀၀၀ နဲ့  ငှားရမ်းတဲ့ အလုံပိတ် ဆိုင်ခန်း ၁၅ ခန်းကို ယနေ့ ဇူလိုင်၂၈ ရက် မွန်းလွဲ ၁ နာရီက သက်ဆိုင်ရာက ဝင်ရောက် စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
မိဘမျက်ကွယ် ပညာသင်အရွယ် ကျောင်းသား/သူများ ကို သားသမီး ချင်းကိုယ်ချင်းမှမစာ မသမာနည်းဖြင့်စီးပွားရှာနေကြသူများ အတွက် ကျောင်းသား ကျောင်းသူ များဟာ ပစ်မှတ်သဖွယ်ဖြစ်နေကြပြီ။
စုံတွဲမှသာ လက်ခံ တခန်း ၃၀၀၀နဲ့ ၂၇.၇.၂၀၁၆ နေ့တင် ဝင်ငွေ စာရင်း ၁သိန်း၂သောင်း၉ထောင်ထောင်ကျပ် ရရှိပါတယ်တဲ့။
ဝင်ရောက် စစ်ဆေးစဉ်မှာ ပိုင်ရှင်ဆိုသူ မတွေ့ရဘဲ အလုပ်သမား အမျိုးသမီးနှစ်ဦး အဆောက်အဦးနဲ့ စာရင်းစာအုပ်ဘဲတွေ့ရ ပါတယ်။
ပိုင်ရှင် က တပ်မတော်အရာရှိဟောင်း တဖြစ်လည်း စက်ရုံမှုးဟောင်းတဦးလည်း ဖြစ်ပါတယ်။
စီမံချက်က ယခင် မကွေးတိုင်း ဝန်ကြီးချုပ်က ညွန်ကြားတာ ခုတော့ စနေ တနင်္ဂနွေ မှ ဖျက်ပေးပါ့မယ်တဲ့။
သတင်း - ဓါတ်ပုံ Pyae phyo Kyaw
ပခုက္ကူ အလုံပိတ်တဲ တစ်နာရီ ငွေကျပ် (၃၀၀၀) တစ်ရက်ဝင်ငွေ (၁)သိန်းကျော် တွေ့ ရှိ
Reviewed by THITHTOOLWIN
on
22:21
Rating:
