![]() |
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (Credit: Reuters) |
အမေရိကန် အစိုးရရဲ့ လုံခြုံရေး အကြံပေး ပုဂ္ဂိုလ် Ben Rohodes က ဒေါ်အောင်ဆန်းစုကြည်နဲ့ အရင်သတင်းပတ်တွေတုန်းက တွေ့ဆုံတုန်း သမ္မတ ဘာရက် အိုဘားမား ကိုယ်စား အမေရိကန်ကို လာဖို့ ဖိတ်ကြားတုန်း ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံ ခေါင်းဆောင်တွေအတွက် သင့်တော်အားလပ်မယ့် အချိန်မှာ အလည်သွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုခဲ့ပေမယ့် ဘယ်အချိန်လည်း ဆိုတာ ပြောဆိုခြင်း မရှိခဲ့ပါဘူး။
စက်တင်ဘာလကျရင် နယူးယောက်မြို့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ရှိတဲ့အတွက် အဲဒီညီလာခံနဲ့ ချိန်ကိုက်ပြီး သွားနိုင်တယ်လို့ ထင်မြင်ချက်တွေ ရှိခဲ့ပါတယ်။
အခုအခါမှာ စက်တင်ဘာလမှာ သွားမယ်ဆိုတာကို ဖော်ပြနေကြပေမယ့် ကုလသမဂ္ဂ ညီလာခံ တက်ရောက်မလား တခြား အချိန်မှာ သွားမှာလား ဆိုတာကိုတော့ မသိရသေးပါဘူး။
ကုလသမဂ္ဂ အထွေထွေ ညီလာခံကို နယူးယောက်မြို့မှာ စက်တင်ဘာလ ၁၃ ရက်ကနေ ၂၆ ရက်နေ့အထိ ကျင်းပဖို့ ရှိပြီး အဲဒီအတောအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
စက်တင်ဘာမှာ ဒေါ်စု ကန်သွားမယ်
Reviewed by THITHTOOLWIN
on
18:03
Rating:
