၂၉.၇.၁၆ရက်နေ့ ၊ ၁၀း၀၀ အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ၊ မတ္တရာမြို့နယ်၊ တုတ်ကြီးချောင်းအတွင်း အောက်ကင်းကျေးရွာမှ ရွှေဘိုကြီးကျေးရွာသို့ မောင်းနှင်လာသော စက်တပ်လှေသည် အောက်ကင်းကျေးရွာအထွက် တုတ်ကြီးချောင်း ချောင်းကူးတံတားအား တိုက်မိပြီး တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းရရှိပါသည်။
သတင်းအရ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သွားရောက် ကူညီခဲ့ပြီး စက်လှေတိမ်းမှောက်မှုကြောင့် လှေပေါ်ပါ (၈)ဦးအနက် (၅)ဦးအား အသက်ရှင် လျက်ကယ်ဆယ်ရရှိခဲ့ပြီး (၃)ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်းနှင့်ပျောက်ဆုံးသူများအား ဆက်လက်ရှာဖွေလျက် ရှိပါကြောင်း သိရပါသည်။
Myanmar Fire Services Department
ချောင်းကူးတံတားအား တိုက်မိပြီး စက်လှေတိမ်းမှောက် (၃)ဦးပျောက်ဆုံးနေ
Reviewed by THITHTOOLWIN
on
16:37
Rating:
