သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရသူ ဦးနေမျိုးဝေ တရားသေလွှတ်
ဓာတ်ပုံ - ဦးနေမျိုးဝေ ဖေ့စ်ဘုတ်မှ |
“နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့အား အသရေပျက်စေသော ဓာတ်ပုံများ နှင့် ပြည်ထောင်စုပြိုကွဲရန် လှုံ့ဆော်ရေးသားသည်ဟုဆိုကာ ဦးနေမျိုးဝေအား အရေးယူပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများအဖွဲ့ချုပ် မှ ဆရာဦးဝေယံအောင်က ကန်ကြီးထောင့် မြို့၊ မြို့မရဲစခန်းတွင် မေလ ၂ ရက်က အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်သည်။ ဦးနေမျိုးဝေကို လွှတ်ပေးလိုက်တာ မှန်ပါတယ်” ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူးဟောင်းဖြစ်သူ ဦးတင်မောင်အေးက ပြောသည်။
ကန်ကြီးထောင့်ရဲတပ်ဖွဲ့က ဦးနေမျိုးဝေကို မေလ ၄ ရက်တွင် ဖမ်းဆီးပြီး ရုံးထုတ်စစ်ဆေးနေရာမှ ဇူလိုင် ၁၅ ရက်တွင် တရားသူကြီးက အပြစ်မရှိဟု ဆိုကာ စွဲချက်မတင်ဘဲ လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
The Ladies News
https://www.facebook.com/News.TheLadies
သမ္မတ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရသူ ဦးနေမျိုးဝေ တရားသေလွှတ်
Reviewed by THITHTOOLWIN
on
15:47
Rating: