အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ လူစည်ကားရာနေရာနှစ်ခုတွင် ဗုံးများပေါက်ကွဲ၊ ကလေးငယ်များ အပါအ၀င် လူ ၈၀ ထက်မနည်းသေဆုံး
ဘဂ္ဂဒက်၊ ဇူလိုင် ၃ ။
ဇူလိုင်လ ၃ ရက် (ယနေ့) နံနက်စောစောအချိန်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့လူစည်ကားရာနေရာနှစ်ခုတွင်ဗုံး နှစ်လုံးပေါက်ကွဲခံရာ ကလေးငယ်များအပါအ၀င် လူ ၈၀ ထက်မနည်းသေဆုံးခဲ့ကြောင်းဇူလိုင်လ ၃ ရက်.aljazeera.သတင်းတွင်ဖော်ပြသည်။
ပထမဗုံးမှာကားဗုံးဖြစ်ပြီး၊ ဘဂ္ဂဒက်မြို့လူစည်ကားရာနေရာဖြစ်သည့် Karada ဒေသတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်ချိန်ပြီးဆုံးခါနီးတွင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲချိန်တွင်လမ်းပေါ်တွင်လူများပြည့်နှက်နေကြောင်း၊ ပေါက်ကွဲမှု ကြောင့် အနည်ဆုံး ၇၉ ဦး သေဆုံးခဲ့ပြီး၊ ၁၃၂ ဦးဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးဒဏ်ရာရရှိသူအများစုမှာ ကလေးငယ်များဖြစ်ကြောင်း၊aljazeera.သတင်းတွင်ဖော်ပြသည်။
ပထမဗုံးပေါက်ကွဲပြီးနောက်မကြာမီမှာပင်ဘဂ္ဂဒက်မြို့၊ မြောက်ဘက် လူစည်ကားရာဈေးတစ်ခုအနီးတွင် ဒုတိယဗုံးထပ်မံပေါက်ကွဲခဲ့ရာ အနည်းဆုံး ၅ ဦးသေဆုံးခဲ့ကြောင်း BBC သတင်းတွင်ဖော်ပြသည်။
ဒုတိယဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၁၆ ဦးထက်မနည်းရှိခဲ့သည်ဟုလည်းaljazeera.သတင်းတွင်ဖော်ပြသည်။
ပထမဗုံးပေါက်ကွဲရာနေရာအနီး၊ အဓီကလမ်းပေါ်ရှိအဆောက်အဦးများမှာ မီးအကြီးအကျယ်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း၊ အဆောက်အဦးအများစုမှာလည်းဆိုးဝါးစွာထိခိုက်ပျက်စီးခဲ့ကြောင်း၊ အီရတ် ၀န်ကြီးချုပ် Haider al-Abadi အခင်းဖြစ်ပွားရာနေရာသို့ယနေ့နံနက်ပိုင်းတွင် ရောက်ရှိလာစဉ် စိတ်ဆိုးဒေါသထွက်နေသော ဒေသခံလူအုပ်ကြီးက၄င်းတို့အဖွဲ့ကိုကျောက်ခဲများ၊ အုတ်ခဲများဖြင့်ပစ်ပေါက်ခဲ့ကြကြောင်း BBC သတင်းတွင်ဖော်ပြသည်။
ပထမဗုံးပေါက်ကွဲမှု ဖြစ်စဉ်မှာ ၄င်းတို့၏ လက်ချက်ဖြစ်သည်ဟု IS အဖွဲ့ကထုတ်ပြန်ထားသော်လည်း၊ ဒုတိယဗုံးနှင့် ပတ်သက်၍မူ တစ်စုံတရာထုတ်ပြန်ပြောဆိုမှုမရှိသေးကြောင်း၊ IS အဖွဲ့သည် အီရတ်နိုင်ငံ၏ဒုတိယအကြီးဆုံးမြို့ဖြစ်သောMosul. မြို့ကို ယခုအချိန်အထိထိန်းချုပ်ထားဆဲဖြစ်ကြောင်းaljazeera. သတင်းတွင်ဖော်ပြသည်။
PHOTO - BBC .aljazeera.
The Asia Heart News
အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ လူစည်ကားရာနေရာနှစ်ခုတွင် ဗုံးများပေါက်ကွဲ၊ ကလေးငယ်များ အပါအ၀င် လူ ၈၀ ထက်မနည်းသေဆုံး
Reviewed by THITHTOOLWIN
on
18:43
Rating: