စင်ကာပူ Bishan ရပ်ကွက်မှာ အိမ်ရှင် သားမိ ၂ ယောက်က အိမ်အကူ မြန်မာ မိန်းခလေးတစ်ယောက်ကို သတ်တဲ့အမှုဖြစ်ပွား
၂၈/၀၇/၂၀၁၆
အိမ်အကူလေးရဲ့ အမည်က Piang Ngaih Don ဖြစ်ပြီး အသက် ၂၄ နှစ်ရှိပြီ ဖြစ်ပါတယ်။ (အမည်အရ - ချင်းလူမျိုးဖြစ်နိုင်)
အိမ်ရှင် သားအမိကတော့ အသက် ၃၆ နှစ်ရှိ Gaiyathiri Murugayan နဲ့ အသက် ၅၈ ရှိ Prema S. Naraynasamy တို့ဖြစ်ပါတယ်။ (အမည်အရ - အိန္ဒိယ လူမျိုးများ ဖြစ်နိုင်ဖွယ်ရှိ)
၂၆ ဇူလိုင်မှာ ရဲက information ရပြီး နှစ်ယောက်စလုံးကိုတော့ လူသတ်မှုနဲ့ ရဲက ၂၇ ဇူလိုင် ဗုဒ္ဓဟူးနေ့ကတည်းက ဖမ်းထားပြီး ဖြစ်ပါတယ်။
August 3 ရက်နေ့မှာ အမှုကြားနာမှာဖြစ်ပြီး။
လူသတ်မှု ကျူးလွန်းကြောင်း သေချာရင်တော့ သေဒဏ်ပစ်ဒဏ် ချခံရမှာ ဖြစ်ပါတယ်။
အိမ်အကူလာရောက် လုပ်ကိုင်သူများ အခက်အခဲ အကြပ်အတည်းများနဲ့ ရင်ဆိုင်နေရပါက တတပ်တအား ဖေးမကူညီပေနေကြသည့် အဖွဲ့အစည်းများဖြစ်သော ---
၁) စင်ကာပူ မြန်မာသံရုံး : Tel - 67350209
၂) Helping hands for Migrant workers (Singapore) Kitty Aye 82991597 ,Dr. Thein T Win 98592499
U Tin Mg Win 97577641, La Min 91801418
၃) Humanitarian Organization for Migration Economics (H.O.M.E.) Tel - 63370282
စတဲ့ အဖွဲ့အစည်းများသို့ ဆက်သွယ်အကူအညီ တောင်းဖို့ တိုက်တွန်းပါရစေ။
စင်ကာပူ ရွှေဂျာနယ်
https://www.facebook.com/ShweJournal
စင်ကာပူ Bishan ရပ်ကွက်မှာ အိမ်ရှင် သားမိ ၂ ယောက်က အိမ်အကူ မြန်မာ မိန်းခလေးတစ်ယောက်ကို သတ်တဲ့အမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
21:48
Rating:
