နိုင်ငံတော်သမ္မတဦးထင်ကျော် (၁၁)ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးအစည်းအဝေး (ASEM) တက်ရောက်ရန် မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာ
ရန်ကုန် ဇူလိုင် ၁၃
မွန်ဂိုလီးယားနိုင်ငံအူလန်ဘာတာမြို့၌ ကျင်းပမည့် (၁၁)ကြိမ်မြောက် အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး (ASEM) သို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယနေ့ ည ၁၁ နာရီ ၁၅ မိနစ်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာ သွားသည်။
နိုင်ငံတော်သမ္မတဦးထင်ကျော်အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ကြသည်။
အာရှ - ဥရောပ ထိပ်သီးအစည်းအဝေး(ASEM)ကို ၁၉၉၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ စတင်ကျင်းပခဲ့သည်။ ယခုနှစ် မွန်ဂိုလီးယားနိုင်ငံ၌ ကျင်းပမည့် အစည်းအဝေးသည် (၁၁)ကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး အေဆမ်၏ နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့ရက်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။
(၁၁)ကြိမ်မြောက် အာရှ-ဥရောပ ထိပ်သီးအစည်းအဝေး(ASEM)၌ မြန်မာနိုင်ငံ သည် အာရှဒေသဆိုင်ရာ ညှိနှိုင်းရေးမှုးအဖြစ် နယူးဇီလန်နိုင်ငံနှင့် တွဲဖက်တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုနှစ်တွင် အေဆမ်သည် နှစ် ၂၀ ပြည့်သည့် အတွက် အာရှ - ဥရောပဒေသအကြား အပြန်အလှန် ရောင်ပြန်ဟပ်စေမည့် အခွင့်အလမ်းများကို ဖန်တီးပေးအပ်သွားမည့်အပြင် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ် ကို လည်း ချမှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
နိုင်ငံတော်သမ္မတဦးထင်ကျော် (၁၁)ကြိမ်မြောက် အာရှ-ဥရောပထိပ်သီးအစည်းအဝေး (ASEM) တက်ရောက်ရန် မွန်ဂိုလီးယားနိုင်ငံသို့ ထွက်ခွာ
Reviewed by THITHTOOLWIN
on
07:37
Rating: